Social Icons

Pages

Tuesday, July 4, 2017

Y-8 လေယာဉ်ဖြစ်စဉ်၏ ကျန်ရစ်သူမိသားစုများအတွက် အလှူငွေများပေးအပ်လှူဒါန်း


ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်သက်ပုံထံ အလှူရှင်တစ်ဦးက Y-8 လေယာဉ်ဖြစ်စဉ်၏ ကျန်ရစ်သူမိသားစုများအတွက် အလှူငွေပေးအပ်စဉ်။

နေပြည်တော် ၄-၇-၂၀၁၇

ဇွန် ၇ ရက် မွန်းလွဲပိုင်းတွင် ပျက်ကျသွားသော တပ်မတော်ပို့ဆောင်ရေး လေယာဉ် Y-8 တွင် ပါဝင်သွားခဲ့သည့် အရာရှိ၊စစ်သည်၊ မိသားစုဝင်များနှင့် လေယာဉ်အမှုထမ်းများ၏ ကျန်ရစ်သူ မိသားစုများ အတွက် အလှူငွေများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်း စစ်ဌာနချုပ်၊ ရတနာသီရိခန်းမ၌ ပြုလုပ်ရာ တိုင်းမှူးဗိုလ်မှူးချုပ် သက်ပုံနှင့် တပ်မတော်အရာရှိကြီးများ၊ စေတနာရှင် အလှူရှင်များ တက်ရောက်ကြသည်။

အလှူငွေပေးအပ်ပွဲတွင် မြန်မာစီးပွားရေး ကော်ပိုရေးရှင်းမှ အရာရှိကြီးများက အလှူငွေ ၇၁၂၅၀၀၀ ကျပ်၊ တက္ကသိုလ်လေ့ကျင့်ရေး တပ်မှတပ်ဖွဲ့ဝင် ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက အလှူငွေ ၉၀၀၇၀၀ ကျပ်နှင့် Huawei Technologies (Yangon) Co.,Ltd. က အလှူငွေကျပ် ၃၆၂ သိန်း၊ စုစုပေါင်း အလှူငွေ ၄၄၂၂၅၇၀၀ ကျပ်တို့အား အသီးသီးပေးအပ် လှူဒါန်းကြရာ တိုင်းမှူးက လက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကား ပြောကြားသည်။

ယနေ့လှူဒါန်းမှုတွင် ပါဝင်ခဲ့သည့် Huawei Technologies (Yangon) Co.,Ltd.သည် ပထမအကြိမ်အဖြစ် အလှူငွေကျပ်သိန်း ၁၀၀၀ ကို လှူဒါန်းခဲ့ပြီးဖြစ်ရာ ယခုဒုတိယအကြိမ်အထိ စုစုပေါင်းလှူဒါန်းငွေကျပ် ၁၃၆၂ သိန်း ဖြစ်ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...