Social Icons

Pages

Thursday, July 20, 2017

ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် ပန်းတောင်းမြို့နယ် တွင်အိမ်ခြေ ၁ဝဝဝ ကျော် ရေဝင်နစ်မြုပ် လျက်ရှိ



ပန်းတောင်း ၂၀-၇-၂၀၁၇

ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း ပန်းတောင်းမြို့နယ် အတွင်း ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် အိမ်ခြေ တစ်ထောင်ကျော် ရေဝင်နစ်မြုပ်မှုများ ကြုံတွေ့နေရကြောင်း ပန်းတောင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှသိရသည်။

လက်ရှိတွင် ပန်းတောင်းမြို့ ပေါ်နှင့် ထုံးဘိုမြို့တို့တွင် ကယ်ဆယ်ရေး စခန်းခြောက်ခု ဖွင့်လှစ် ဆောင်ရွက် ပေးလျက်ရှိပြီး ပန်းတောင်း-တောင်ကုတ် ကားလမ်းပေါ်တွင် မိမိအစီအစဉ်ဖြင့် ယာယီတဲထိုး၍ နေထိုင်ကြသူများ လည်းရှိကြောင်း သိရသည်။

''အခုကတော့ ကွင်းဆင်းပြီး ဆောင်ရွက်နေတာ တွေရှိပါတယ်။ ကယ်ဆယ်ရေး စခန်းတွေကို မလာကြဘဲ မိမိအစီအစဉ်နဲ့ နေတဲ့သူတွေ လဲရှိပါတယ်''ဟု ပန်းတောင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေက ပြောပြသည်။

မြစ်ရေမြင့်တက်မှု ကြောင့်ဇူလိုင် ၁၇ ရက်နှင့် ၁၈ ရက်မှစတင်၍ စာသင်ကျောင်း ၁ဝ ကျောင်းခန့် ပိတ်ထားရပြီး ကယ်ဆယ်ရေး စခန်းတွင် နေထိုင်သူများသို့ လာရောက်လှူဒါန်းသူ အနည်းငယ်သာရှိသေး၍ သောက်ရေသန့်နှင့်ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန် အစရှိသည့် မီးဖိုချောင်သုံးပစ္စည်းများ လိုအပ်လျက်ရှိသည်။

လတ်တလောတွင် ပန်းတောင်း မြို့နှင့်ထုံးဘိုမြို့တို့ရှိ မဟာအတု လန္ဒဘုန်းကြီးကျောင်း၊ ရွာသာယာ ဘုန်းကြီးကျောင်း၊ ရေဝိုင်းဘုန်းကြီး ကျောင်း၊မြသိန်းတန်၊ တောင်လတ်ဘုရား၊ ကြခတ်အုတ်ကျောင်း၊ ပန်းတောင်း-တောင်ကုတ်ကားလမ်း ဘေးတို့တွင် ရေဘေးကယ်ဆယ်ရေး စခန်းများ ဖွင့်လှစ်နေထိုင် နေကြကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...