Social Icons

Pages

Friday, July 21, 2017

သာစည်မြို့နယ်တွင် သေနတ်များ ဖမ်းဆီးရမိပြီး ဆက်စပ်တရားခံနှင့် ကွင်းဆက်တရားခံများ ဆက်လက်စုံစမ်း ဖော်ထုတ်လျက်ရှိ


ဖမ်းဆီးရမိသည့်လက်နက်များကို တွေ့ရစဉ်။

ဖမ်းဆီးရမိသူများကို သက်သေခံပစ္စည်းများနှင့်အတူ တွေ့ရစဉ်။

နေပြည်တော် ၂၁-၇-၂၀၁၇

မန္တလေးတိုင်း ဒေသကြီးသာစည်မြို့နယ် ကျွဲတပ်ဆုံ တိုးဂိတ်တွင် ဇူလိုင် ၁၉ရက် ည ၁ဝနာရီခန့်က တရားမဝင် သယ်ဆောင်လာသည့် မောင်းပြန်သေနတ် ၂၂လက် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့တို့သည် သတင်းအရ ကျွဲတပ်ဆုံ တိုးဂိတ်အနီး စောင့်ဆိုင်းနေစဉ် လွိုင်ကော်မှ မန္တလေးဘက်သို့ ယာဉ်မောင်း နေစိုးထွေးမင်း (ခ) ကိုစိုင်း မောင်းနှင်ပြီး ဇနီးဖြစ်သူ မမြတ်ဆုနှင်း လိုက်ပါ စီးနင်းလာသော ယာဉ်အမှတ် 2D/---- ကို ရပ်တန့်ရှာဖွေ စစ်ဆေးရာ ယာဉ်ပေါ်တွင် အဖြူရောင် ဆာလာအိတ်အတွင်း မွေ့ရာဖြင့် ပတ်ထားပြီး သယ်ဆောင်လာသော HK-33 မောင်းပြန် ရိုင်ဖယ်အလက် ၂ဝ (ကျည်အိမ်ပါ)နှင့် AK-47 မောင်းပြန်ရိုင်ဖယ် နှစ်လက် (ကျည်အိမ်မပါ) တို့ကို သိမ်းဆည်းရမိ ခဲ့သည်။

နေစိုးထွေးမင်းနှင့် ဇနီး ဖြစ်သူတို့အား စစ်ဆေးချက်အရ မန္တလေးမြို့ အောင်မြေသာစံမြို့နယ် အင်းလေး တည်းခိုခန်းတွင် တည်းခိုနေသော ကျုံလျန်ဆန်း (ခ)မောရာ၊ကလေးမြို့ တာဟန်းရပ်ကွက် နေသူထံ ပို့ဆောင်ခငွေကျပ် ၁၅ သိန်းဖြင့် ပို့ဆောင်ပေးရန် သယ်ဆောင်လာခြင်း ဖြစ်ကြောင်းသိရပြီး အင်းလေး တည်းခိုခန်းတွင် တည်းခိုနေသော ကျုံလျန်ဆန်း (ခ) မောရာအား ယနေ့နံနက်ပိုင်းတွင် ဖမ်းဆီးရမိခဲ့သည်။

ဆက်လက်၍ လွိုင်ကော်မြို့ရှိ နေစိုးထွေးမင်း၏ နေအိမ်ကို ဆက်လက် ရှာဖွေရာတွင် ဒီတိုနေတာ တစ်ထုပ်လျှင် အခု ၅ဝဝ ပါ ၂၆ ထုပ်၊ ယမ်းစိမ်း တစ်ထုပ်လျှင် ၉ဝကျပ်သားပါ အထုပ် ၆ဝနှင့် ငွေသားကျပ်သိန်း ၁၄ဝ တို့အား သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက် ပြစ်မှုကျူးလွန်သူများကို ဆက်လက်စုံစမ်း ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

ဖမ်းဆီးရမိသည့် လက်နက်များသည် ထိုင်းနိုင်ငံမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် သယ်ဆောင်လာခြင်း ဖြစ်ပြီး ယခုဖမ်းဆီးရမိသည့် အကြိမ်သည် တတိယ အကြိမ်ဖြစ်ကာ ၂ဝ၁၇ခုနှစ် ဖေဖော်ဝါရီလတွင် တစ်ကြိမ်၊ ဧပြီလတွင် တစ်ကြိမ်ဖမ်းဆီး ရမိခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...