Social Icons

Pages

Friday, July 21, 2017

မြေပြိုမှုကြောင့် လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့သည့် ရန်ကုန်-ထားဝယ်ရထားလမ်းပိုင်း၌ လမ်းရှင်းလင်းရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက်


တပ်မတော်သားများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် မီးရထားဝန်ထမ်းများက မြေပြို မှုကြောင့်လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့သည့် ရထားလမ်းပိုင်း၌ လမ်းရှင်းလင်းရေး လုပ်ငန်းများ စုပေါင်းဆောင်ရွက်စဉ်။

နေပြည်တော် ၂၁-၇-၂၀၁၇

မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်းရှိ ရန်ကုန်-ထားဝယ်ရထားလမ်းပိုင်း ၉ မိုင် ဘူတာနှင့် ပေါက်ပင်ကွင်း ဘူတာအကြား၌ ဇူလိုင် ၁၉ ရက် ညနေ ၄ နာရီခွဲခန့်တွင် တောင်ပြို၍ ရထားလမ်းပိတ်ဆို့မှုကြောင့် ရန်ကုန်မှ ထားဝယ်သို့ ထွက်ခွာလာသည့် ရထားအမှတ် ၁၇၅ အဆန်ရထားသည် ၉ မိုင်ဘူတာ၌ ခေတ္တရပ်နားခဲ့ရသည်။

အဆိုပါ ပိတ်ဆို့မှုဖြစ်ပွားရာနေရာ၌ အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ ရေးတပ်နယ်မှ တပ်မတော်သားများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် မီးရထားဝန်ထမ်းများ ပူးပေါင်း၍ ည ၇ နာရီ ၅၅ မိနစ်မှ စတင်ကာ လမ်းကြောင်းရှင်းလင်းမှုများ ဆောင်ရွက်ခဲ့ရာ ည ၁၀ နာရီတွင် ရှင်းလင်းဆောင်ရွက်ပြီးစီးခဲ့သည်။

ထို့ပြင် လမ်းပိတ်ဆို့မှုကြောင့် ခေတ္တရပ်နားခဲ့ရသည့် ရထားပေါ်တွင်ပါဝင်သော ခရီးသည် ၁၀၀ ဦးခန့်ကို ရေးတပ်နယ်မှ တပ်မတော်သားများက ထမင်းဟင်းများနှင့် ရေသန့်ဘူးများ ဖြန့်ဝေလှူဒါန်းပေးခဲ့ကြောင်းနှင့် ရထားမှ ည ၁၁ နာရီတွင် ထားဝယ် ဘက်သို့ ဆက်လက်ထွက်ခွာသွားခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...