Social Icons

Pages

Monday, July 17, 2017

ဂျပန်နိုင်ငံမှလှူဒါန်းသော ကမ်းရိုးတန်းနှင့် မြစ်တွင်းသွား ခရီးသည်တင် ရေယာဉ်တစ်စင်း ယခုလကုန်ပိုင်းတွင် ထပ်မံရောက်ရှိမည်



ရန်ကုန် ၁၇-၇-၂၀၁၇

ပြည်တွင်းရှိ ရေကြောင်းသယ်ယူ ပို့ဆောင်ရေးကဏ္ဍတွင် အသုံးပြုရန် ရည်ရွယ်၍ ဂျပန်နိုင်ငံမှ ရေယာဉ်သုံးစင်းကို လှူဒါန်းခဲ့ရာ ပြည်တွင်းသို့ ရေယာဉ်တစ်စင်းသာ ရောက်ရှိနေသေးပြီး ဇူလိုင်လ နောက်ဆုံးပတ်တွင် ကမ်းရိုးတန်းနှင့် မြစ်တွင်းသွား ခရီးသည်တင် ရေယာဉ်တစ်စင်း ရောက်ရှိလာမည် ဖြစ်ကြောင်း ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ရေကြောင်းဌာနမှူးချုပ် ဦးအောင်သန်းမြိုင်ထံမှ သိရသည်။

ယခုလကုန်ပိုင်းတွင် ထပ်မံရောက်ရှိလာမည့် ရေယာဉ်ကို စစ်တွေ-မြေပုံ ရေကြောင်းခရီးစဉ်တွင် အသုံးပြုမည်ဖြစ်သည်။

''ဂျပန်နိုင်ငံက လှူဒါန်းတဲ့ ရေယာဉ်တွေက အရည်အသွေး ကောင်းမွန်တာကြောင့် အများကြီး အကျိုးရှိပါတယ်။ နောက်ဆုံး ရောက်ရှိလာမယ့် ရေယာဉ်အသစ်ကို အမှန်တကယ် လိုအပ်တဲ့နေရာမှာ အသုံးပြုသွားမှာပါ'' ဟု ဦးအောင်သန်းမြိုင် ကပြောသည်။

ဂျပန်နိုင်ငံမှ လှူဒါန်းသော ရေယာဉ်သုံးစင်းအနက် ပထမဆုံး ရောက်ရှိလာသော ရေယာဉ်ကို ကစ္ဆပနဒီ (၁) ဟု အမည်ပေးထားပြီး စစ်တွေ-ကျောက်ဖြူ-တောင်ကုတ်မာန်အောင် ရေကြောင်းခရီးစဉ်တွင် အသုံးပြုလျက် ရှိကြောင်း သိရသည်။

ဂျပန်နိုင်ငံသည် ၂ဝ၁၄ ခုနှစ်က ပန်းဆိုးတန်း - ဒလ ကူးတို့ခရီးစဉ်အတွက် အမေရိကန်ဒေါ်လာ ၁၂ သန်းတန်ဖိုးရှိ ကူးတို့ရေယာဉ် သုံးစင်းကို လှူဒါန်းခဲ့ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...