Social Icons

Pages

Wednesday, July 12, 2017

ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးမှ သင်္ဘော ၂၉စီး ရင်းနှီးမြှုပ်နှံလိုသည့် ပုဂ္ဂလိကလုပ်ငန်းရှင်များကို အပြတ်ရောင်းချပေးမည်



မန္တလေး ၁၂-၇-၂၀၁၇

ဧရာဝတီမြစ်ကြောင်း တစ်လျှောက်၌ စီးပွားရေး ရင်းနှီးမြှုပ်နှံလိုသည့် ပုဂ္ဂလိက လုပ်ငန်းရှင်များအား ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးမှ သင်္ဘော ၂၉စီးကို အပြတ်ရောင်းချ ပေးသွားမည် ဖြစ်ကြောင်း ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေး၊ ဧရာဝတီဌာနခွဲ (မန္တလေး)မှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

ဧရာဝတီမြစ်ကြောင်း တစ်လျှောက်၌ ယခင်ကခရီးသည် တင်သင်္ဘော အများအပြားရှိခဲ့ရာမှ လက်ရှိတွင် မပြေးဆွဲတော့သည့် သင်္ဘောများရှိပြီး ပုဂ္ဂလိက လုပ်ငန်းရှင်များသို့ပါ လေလံတင်ရောင်းချ လိုက်သည့် သင်္ဘောများလည်းရှိကြောင်း၊ ဧရာဝတီဌာနခွဲမှ ဧရာဝတီမြစ်ကြောင်း တစ်လျှောက်တွင် လက်ရှိပြေးဆွဲ ပေးနေသည့် ခရီးသည်တင်သင်္ဘောမှာ ၁၂စီးရှိကာ လုပ်ငန်းရှင်များသို့ ငှားရမ်းထားသည့် သင်္ဘောများအပါအဝင် စုစုပေါင်း ၂၉စီးထိရှိကြောင်း သိရသည်။

ပြည်တွင်းရေကြောင်းပိုင် သင်္ဘောများကို ပုဂ္ဂလိကလုပ်ငန်း ရှင်များအနေဖြင့် စီးပွားရေးရင်းနှီး မြှုပ်နှံမှုပြုလုပ်လို၍ ဝယ်ယူမည် ဆိုပါက အပြတ်ရောင်းချပေး သွားမည်ဖြစ်ပြီး လက်ရှိအချိန်တွင် ပြည်တွင်းရေကြောင်းမှ ဧရာဝတီမြစ်ကြောင်း တစ်လျှောက်ရှိ မန္တလေး-ညောင်ဦး ခရီးစဉ်ကို သင်္ဘောနှစ်စီး၊ မန္တလေး-ဗန်းမော်ခရီးစဉ်ကို သင်္ဘော ၁ဝ စီးဖြင့်ပြေးဆွဲ ပေးလျက်ရှိကြောင်း သိရသည်။

''အခုလက်ရှိအချိန်က လမ်းပန်းဆက်သွယ်ရေးတွေ ကောင်းမွန် နေတာကြောင့် အရင်က လမ်းမပေါက်တဲ့ နေရာတွေဆို အခုကားတို့ ဆိုင်ကယ်တို့နဲ့ သွားလို့ရနေပြီ။ ဒါကြောင့် ရေကြောင်းလမ်းကနေ သင်္ဘောစီးပြီး သွားလာကြတဲ့ ခရီးသွားတွေ လျော့နည်းလာခဲ့တယ်။

ဧရာဝတီမြစ်အတွင်းမှာ ပြေးဆွဲတဲ့ ပုဂ္ဂလိကသင်္ဘောတွေ အနေနဲ့လဲ အမြတ်မရဘဲ အရှုံးပေါ်ပြီး မပြေးဆွဲတော့တဲ့ထိ ဖြစ်ကုန်တယ်။ အဓိကကတော့ ခရီးသွားလိုက်ပါမှု အရင်အတိုင်း ပြန်ဖြစ်ဖို့ဆိုတာ သင်္ဘောရဲ့ဒီဇိုင်းအပြင် ကျန်တဲ့စက်ပိုင်း ဆိုင်ရာတွေကိုပါ အဆင့်မီအောင် လုပ်ပြီးပြေးဆွဲရင်တော့ ဈေးကွက်ပြန်လည် ကောင်းလာနိုင်တယ်''ဟု ၎င်းကဆက်လက် ပြောပြ၍ သိရသည်။

#yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...