Social Icons

Pages

Tuesday, June 20, 2017

ပျက်ကျ Y-8 လေယာဉ်၏ ကျန်ရှိအစိတ်အပိုင်းများ ထပ်မံတွေ့ရှိရေးနှင့် ပျက်ကျရသည့် အကြောင်းအရင်း အဖြစ်မှန်သိရှိနိုင်ရေး ဆက်လက်လုပ်ဆောင်လျက်ရှိ



ရှာဖွေတွေ့ရှိ ခဲ့သည့် လူ့အသုံးအဆောင်ပစ္စည်းများ ကိုတွေ့ရစဉ်။

တပ်မတော်(လေ)မှ Y-8 လေယာဉ်အား စစ်ရေယာဉ်များဖြင့် ရှာဖွေရေးဆောင်ရွက်သည့် ဧရိယာပြပုံ (၁၉-၆-၂ဝ၁၇)

နေပြည်တော် ၂၀-၆-၂၀၁၇

ပျက်ကျ Y-8 လေယာဉ်၏ ကျန်ရှိသေးသည့် လေယာဉ်အစိတ်အပိုင်းများအား ထပ်မံရှာဖွေ တွေ့ရှိစေရေး ယနေ့တွင်လည်း တပ်မတော်(ရေ)မှ စစ်ရေယာဉ်များနှင့် ငါးဖမ်းစက်လှေများ ပူးပေါင်းပြီး ရေအောက်ရှာဖွေရေးကိရိယာ ဆိုနာစနစ်ဖြင့် ရှာဖွေရရှိသည့် ပုံရိပ်များအပေါ်မူတည်၍ ကျွမ်းကျင်ရေငုပ်စစ်သည်များ၊ ဒေသခံရေငုပ်ကျွမ်းကျင်သူများဖြင့် ရှာဖွေခြင်း၊ ငါးဖမ်းပိုက်များဖြင့် တရွတ်ဆွဲရှာဖွေခြင်းများ ဆက်လက်လုပ်ဆောင်လျက်ရှိသည်။

ထိုသို့ရှာဖွေရေးလုပ်ငန်းများလုပ်ဆောင်လျက်ရှိစဉ် ယနေ့ညနေပိုင်းတွင် လေယာဉ် အမြီးပိုင်းရှာဖွေတွေ့ရှိခဲ့သည့် နေရာအနီးတစ်ဝိုက်၌ ဒေသခံငါးဖမ်းစက်လှေ ၂ စီးက သံသေတ္တာ ၁ လုံး၊ လေယာဉ် အမှုထမ်းဝတ်စုံ ၁ စုံ အပါအ၀င် အ၀တ်အထည် မျိုးစုံနှင့် စာရွက်စာတမ်းများအား ရှာဖွေတွေ့ရှိခဲ့သည်။

ထို့ပြင် ဆယ်ယူရရှိခဲ့သည့် Flight Data Recorder-Black Box နှင့် CVR-Cockpit Voice Recorder တို့မှ လေယာဉ်ပျက်ကျသည့် အကြောင်းအရင်းအချက်အလက်များ ဖော်ထုတ်ရရှိရေးအတွက် လေယာဉ်ပျက်ကျမှု စုံစမ်းစစ်ဆေးရေးလုပ်ငန်းစဉ်များအတိုင်း လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...