Social Icons

Pages

Tuesday, June 27, 2017

လမ်းကြောင်းလုံခြုံရေး ဆောင်ရွက်နေသည့် တပ်မတော်စစ်ကြောင်းက TNLA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့နှင့် ဆက်သွယ် ဆောင်ရွက်ခဲ့သူများအား ဖမ်းဆီးရမိပြီး တရားဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိ



နေပြည်တော် ၂၇-၆-၂၀၁၇

ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ၊ နမ့်ဆန်-သီပေါကားလမ်း၌ တပ်မတော်စစ်ကြောင်းက လမ်းကြောင်း လုံခြုံရေးဆောင်ရွက်စဉ် ယနေ့မွန်းလွဲ ၃ နာရီခွဲတွင် နမ့်ဆန်မြို့နယ်၊ ဘုရားကြီးကျေးရွာအနီး၌ နမ့်ဆန်ဘက်မှသီပေါဘက် သို့ မောင်းနှင်လာသည့် မသင်္ကာဖွယ် လင်ခရူဇာ အမျိုးအစားယာဉ်နှင့် WISH အမျိုးအစားယာဉ် လိုင်စင်မဲ့ မော်တော်ယာဉ် ၂ စီးတို့ကိုတွေ့ရှိ၍ ရပ်တန့်စစ်ဆေးခဲ့သည်။

အဆိုပါလိုင်စင်မဲ့ မော်တော်ယာဉ် ၂ စီးတွင် DVB သတင်းအေဂျင်စီမှ အကြီးတန်း သတင်းထောက် ဦးအေးနိုင်နှင့် ဦးပြည့်ဘုန်းနိုင်၊ ဧရာဝတီသတင်းအေဂျင်စီမှ သတင်းထောက် ဦးသိန်းဇော်တို့ အပါအ၀င် အမျိုးသား ၇ဦးလိုက်ပါ လာပြီး၎င်းတို့အား စစ်ဆေးဖော်ထုတ် ချက်အရနမ့်ဆန်မြို့နယ်၊ မြို့သစ်ကျေးရွာ ခန့်မှန်မြေပုံညွှန်း (KF-955 316) တစ်ဝိုက်ရှိ နိုင်ငံတော်အစိုးရနှင့် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့အား လက်နက်ကိုင် ဆန့်ကျင် လျက်ဒေသအတွင်း တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်မှု ပျက်ပြားရေးကို ဦးတည်ဆောင်ရွက် လျက်ရှိသည့် TNLA အကြမ်းဖက်သောင်းကျန်း သူအဖွဲ့နှင့် ဆက်သွယ်၍ ပြန်လည်ထွက်ခွာလာကြောင်း စုံစမ်းသိရှိရသဖြင့် တရား ဥပဒေနှင့်အရေးယူ ဆောင်ရွက်နိုင်ရေး လားရှိုးမြို့နယ်ရဲစခန်းသို့ စနစ်တကျလွှဲပြောင်း အပ်နှံထားကြောင်းနှင့် လိုအပ်သည့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...