Social Icons

Pages

Tuesday, June 20, 2017

ငွေကျပ်သိန်း ၅၈၀၀ ကျော်တန်ဖိုးရှိ ဆူဒိုအက်ဖီဒရင်းဆေးပြားများ သယ်ဆောင်လာသူနှင့် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်လာသူများအား ဖမ်းဆီးရမိ


ဖမ်းဆီးရမိသူကို မူးယစ်ဆေးဝါးများနှင့်အတူ တွေ့ရစဉ်။

နေပြည်တော် ၂၀-၆-၂၀၁၇

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့၊ အမှတ် (၁) ရပ်ကွက်၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များသည် သတင်းအရ မော်တော်ယာဉ်များစစ်ဆေးစဉ် ယနေ့နံနက် ၁ နာရီခန့်တွင်မန္တလေးမြို့ဘက်မှ လားရှိုးမြို့တွင်းသို့ ယာဉ်မောင်း သက်ပိုင်သူ (ဘ) ဦးစောနိုင်ဦးမောင်းနှင် လာသည့် Isuzu Light Truck အမျိုးအစား မော်တော်ယာဉ်အမှတ်၊ BGO 6B/----အားစစ်ဆေးရန် ရပ်တန့်စေရာ ရပ်တန့်ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးစဉ် လိုက်လံဖမ်းဆီးခဲ့ရာ အမှတ် (၉) ရပ်ကွက်ရှိ ရှမ်းရိုးမကားဂိတ်အား ၀င်ရောက်တိုက်မိ ရပ်တန့်သဖြင့် ဖမ်းဆီးရမိခဲ့သည်။

အဆိုပါယာဉ်အား စစ်ဆေးရာယာဉ်ပေါ်ရှိ ဆာလာအိတ် ၆၄ အိတ်အတွင်းမှ အဖြူရောင် ဆူဒိုအက်ဖီဒရင်း ဆေးပြား ၆၉၇၅၀၀ ပြားနှင့် အညိုရောင် ဆူဒိုအက်ဖီဒရင်းဆေးပြား ၃၁၉၀၅၀၀ ပြား (ခန့်မှန်း တန်ဖိုးငွေကျပ် ၅၈၃၂ သိန်းခန့်) ကို တွေ့ရှိဖမ်းဆီးရမိ ခဲ့သည်။

အလားတူ ဇွန် ၁၈ ရက် ညနေ ၅ နာရီခန့်ကလည်း မူဆယ်မြို့၊ မန်ဝိန်းရပ်ကွက်၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၀င်များသည် သတင်းအရစစ်ဆေးမှုများ ဆောင်ရွက်စဉ် မူဆယ်မြို့ဘက်မှ ခိုဝိန်းကျေးရွာဘက်သို့ လီရင်ရှုံး (ဘ)ဦးလီရီဟိုက် မောင်းနှင်လာသည့် ဘက်ထရီမော်တော် ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ ဆိုင်ကယ် တူးဘောက်အတွင်းမှ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၅၈၅၀ ပြား (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၇ သိန်းကျော် နှင့်အတူတွေ့ရှိ ဖမ်းဆီး ရမိခဲ့သည်။

အဆိုပါဆေးပြားများ နှင့်အတူ ဖမ်းဆီးရမိသူများအား လားရှိုးမြို့မရဲစခန်းနှင့် မူဆယ်မြို့မရဲစခန်းတို့၌ တရား ဥပဒေအရ အမှုဖွင့်အရေးယူဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...