Social Icons

Pages

Thursday, June 15, 2017

ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ၏ ၂၀၁၇ ခုနှစ် ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲပြုလုပ်









နေပြည်တော် ၁၅-၆-၂၀၁၇

ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ၏ ၂၀၁၇ ခုနှစ် ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက် ၇ နာရီတွင် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ရေဆင်းဆည်အနီး၌ ပြုလုပ်ရာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ကာကွယ်ရေးဝန်ကြီးဌာနနှင့် နယ်စပ်ရေးရာဝန်ကြီး ဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများ နှင့်ဇနီးများ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများနှင့်ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်မှ သင်တန်းသား အရာရှိကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ရှိ ရုံး/ဌာနများမှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ တက်ရောက်ကြသည်။

ဦးစွာတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် ယနေ့သစ်ပင်စိုက်ပျိုး ပွဲတော်သည် တပ်မတော်တစ်ရပ်လုံးအတွက် မိုးရာသီသစ်ပင်စိုက်ပျိုးရန် တပ်လှန့်နှိုးဆော်ခြင်း ဖြစ်ကြောင်း၊သစ်ပင်စိုက်ပျိုး ရာတွင်အပင်များ ရှင်သန်ဖြစ်ထွန်းအောင်မြင်ရန် လိုအပ်သကဲ့သို့ မိမိတပ်အတွက်၊ မိမိနယ်မြေဒေသအတွက် အကျိုးရှိအောင်လည်း လုပ်ဆောင်ကြရမည် ဖြစ်ကြောင်း ထည့်သွင်း ပြောကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အထိမ်းအမှတ် ခရေပင်ကို လည်းကောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီးက ကံ့ကော်ပင်ကို လည်းကောင်း စိုက်ပျိုးပေးကြသည်။

ဆက်လက်ပြီး ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီးများ နှင့်ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ နှင့်ဇနီးများ၊ အခမ်းအနားတက်ရောက် လာကြသူများက စိုက်ပျိုးပင်များအား သတ်မှတ်နေရာ အသီးသီးတွင် စိုက်ပျိုးကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၏ စုပေါင်းသစ်ပင် စိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှု အားပေးကြသည်။

ယနေ့ကျင်းပပြုလုပ်သော ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ၏ ၂၀၁၇ ခုနှစ်၊ ပထမအကြိမ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတွင် ရတနာတန်းဝင်ကျွန်းပင် ၇၂၀၀ အားစုပေါင်း စိုက်ပျိုးခဲ့ကြသည်။

ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) အနေဖြင့် ၂၀၁၁ ခုနှစ်မှစ၍ နှစ်စဉ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲများ ကျင်းပခဲ့ပြီး သစ်ပင်များစိုက်ပျိုးခဲ့ရာ ၂၀၁၆ ခုနှစ်အထိ ရတနာတန်းဝင်ပင် ၃၄၉၀၄ ပင်၊ နှစ်ရှည်သီးနှံပင် ၂၉၃၂၅ ပင်၊ အရိပ်ရလေကာပင် ၂၉၅၂၁ ပင် စုစုပေါင်း ၉၃၇၅၀ ပင်အား စိုက်ပျိုးခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။

#Themyawadydaily 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...