Social Icons

Pages

Saturday, February 18, 2017

Samsung ၏ ခေါက်နိုင်သည့် စမတ်ဖုန်း ရှေ့ပြေးပုံစံ တစ်မျိုးကို MWC တွင် တွေ့မြင်ရဖွယ်ရှိ


ကောလာ ဟလသတင်း ထွက်ပေါ်ခဲ့သည့် အတိုင်း Samsung ၏ ခေါက်နိုင်သည့် ရှေ့ပြေးပုံစံ စမတ်ဖုန်းတစ်မျိုးကို အနာဂတ် မိုဘိုင်းလ် ပုံစံများပြသသည့် မိုဘိုင်းလ်ကမ္ဘာ ပြပွဲ MWC ၂ဝ၁၇ တွင် တွေ့မြင်ရနိုင် ကြောင်း တောင်ကိုရီးယား သတင်းဝက်ဘ်ဆိုက် ETNewsက ဖော်ပြသည်။
.
သို့သော် Samsung က ယင်းစမတ်ဖုန်း ပုံစံကို သတင်းစာ ရှင်းလင်းပွဲတွင် ပြသသွား မည်မဟုတ်ဘဲ ကုမ္ပဏီ၏ နောက်ဆုံးပေါ် ခေါက်နိုင်သည့် Display နည်းပညာကို ဖိတ်ကြားထားသူများကိုသာ ပြသသွားမည် ဖြစ်သည်။
.
MWC 2017 တွင် Samsung က Galaxy Tab 3 ကို မိတ်ဆက်ပြသရန် ပြင်ဆင်နေပြီး Galaxy S8 ကိုလည်း သတင်းစာ ရှင်းလင်းပွဲတွင် တွေ့မြင်ရဖွယ် ရှိနေသည်ဟု သတင်းများထွက် ပေါ်နေသည်။
.
Galaxy X ဟု အမည် ပေးထားသော ခေါက်နိုင်သည့် စမတ်ဖုန်းကို Samsung က ယခုနှစ်အတွင်း ပွဲထုတ်ရန် အစီအစဉ်များ ရှိနေသည်ဟု ခန့်မှန်းနေကြပြီး Samsung နှင့် LG တို့က ခေါက်နိုင်သည့် စမတ်ဖုန်း များကို ယခုနှစ်ထဲတွင် အပြိုင်မိတ်ဆက် သွားရန်ပြင်ဆင်နေကြောင်း သိရသည်။
.
မြ၀တီနေ့စဉ်သတင်းစာ (၁၂)
.
#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...