Social Icons

Pages

Saturday, January 21, 2017

TNLA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့က အရပ်ယာဉ်များအား ရီမုမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက် ၊ ဒေသခံပြည်သူတစ်ဦး သေဆုံး ၊ ရဲတပ်ဖွဲ့ဝင် ၆ ဦး နှင့် ဒေသခံပြည်သူတစ်ဦး ဒဏ်ရာရရှိ


TNLA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့က ရီမုမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက် သဖြင့် မိုင်းစထိမှန် ပျက်စီးခဲ့သော မော်တော်ယာဉ်ကို တွေ့ရစဉ်

အကြမ်းဖက် သောင်းကျန်းသူအဖွဲ့က ရီမုမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်မှုကြောင့် မိုင်းစထိမှန်ဒဏ်ရာ ရရှိသူများကို တွေ့ရစဉ်

နေပြည်တော် ၊ ၂၁-၁-၂၀၁၇

ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ၊ မန်တုံ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် များသည် လားရှိုးမြို့သို့ သွားရောက်ရန် အတွက် ပလောင် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီးအဖွဲ့မှ ဝန်ထမ်းများ နှင့်အတူ ယမန်နေ့နံနက် ၈ နာရီတွင် မန်တုံမြို့မှ အရပ်ယာဉ် များဖြင့် ထွက်ခွာလာရာ နံနက် ၉ နာရီခွဲခန့်တွင် ကြူပန်းကျေးရွာ အနီးသို့ အရောက်၌ TNLA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့က ရီမုမိုင်း ခုနစ်လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့သဖြင့် မော်တော်ယာဉ် နှစ်စီးမှာ မိုင်းစထိမှန် ပျက်စီးခဲ့ပြီး ယာဉ်ပေါ်ပါ ဒေသခံ ပြည်သူတစ်ဦး သေဆုံးခဲ့ကာ ရဲတပ်ဖွဲ့ဝင် ခြောက်ဦးနှင့် ဒေသခံပြည်သူ တစ်ဦးတို့ မိုင်းစထိမှန် ဒဏ်ရာများ ရရှိခဲ့သည်။

ဒဏ်ရာရ လူနာများအား တပ်မတော် စစ်ကြောင်းက လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး အဆိုပါနေရာ တစ်ဝိုက်အား နယ်မြေ ရှင်းလင်းခြင်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)




No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...