Social Icons

Pages

Wednesday, January 25, 2017

National Blood ကော်မတီတစ်ရပ် ဖွဲ့စည်းရန် စီစဉ်ထား



ရန်ကုန် ၊ ၂၅-၁-၂၀၁၇

သွေးလှူဘဏ်များ ရေရှည်တည်တံ့ နိုင်စေရန် ရည်ရွယ်၍ National Blood ကော်မတီတစ်ရပ် ဖွဲ့စည်းရန် စီစဉ်ထားကြောင်း ကုသရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် အမျိုးသား သွေးဌာန တာဝန်ခံ ဆရာဝန်ကြီး ဒေါက်တာ ဒေါ်သီတာအောင် ထံမှ သိရသည်။

''အဲဒီကော်မတီ ဖွဲ့စည်းဖို့ ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနကို တင်ပြထား ပါတယ်။ အခုလက်ရှိ အခြေအနေက သုံး၊ လေးရက်စာလောက် လည်ပတ်သုံးစွဲ နိုင်တဲ့နှုန်းလောက် နဲ့ ရပ်တည် နေတာပါ။ အခုချိန် က ကျွန်မတို့လို သွေးလှူဘဏ် တွေက သွေးလိုတဲ့ လူနာတွေကို နိုင်နင်းအောင် ထောက်ပံ့ပေး ပေမယ့် ရေရှည်မှာ အခက်အခဲတွေ ရှိလာနိုင်တာကြောင့် ကော်မတီ ဖွဲ့စည်းဖို့ ဆောင်ရွက်ထားတာ ဖြစ်ပါတယ်'' ဟု ဒေါက်တာ ဒေါ်သီတာအောင် ကပြောသည်။

သွေးလှူဘဏ် များတွင် လိုက်နာကျင့်သုံး ရမည့် မူဝါဒများ၊ လမ်းညွှန်ချက် များနှင့် ရေတိုရေရှည် စီမံကိန်းများကို အဆိုပါ ကော်မတီက ချမှတ်ဆောင်ရွက် သွားနိုင်မည် ဖြစ်ပြီး ရန်ကုန်ပြည်သူ့ ဆေးရုံကြီးရှိ အမျိုးသား သွေးဌာန ကလည်း နောက်ပိုင်းတွင် Donor Program များကို လည်းကောင်း၊ လအလိုက် သွေးအလှူရှင်များ ရှာဖွေခြင်း အစီအစဉ်များ ကိုလည်းကောင်း အများပြည်သူ ကြား ကွင်းဆင်း၍ စီမံချက်များဖြင့် သွေးအလှူရှင် ရှာဖွေမှု လုပ်ငန်းများ လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။

ရန်ကုန်မြို့အတွင်းရှိ ဆေးရုံပေါင်း ၁၁ ရုံ၏ သွေးလိုအပ်မှု အတွက် အမျိုးသား သွေးဌာနမှ ကူညီဆောင်ရွက် နေကာ လစဉ်တစ်လလျှင် သွေးယူနစ်ပေါင်း ၈ဝဝဝ မှ ၁ဝဝဝဝ ခန့် လိုအပ်မှုရှိနေပြီး သွေး လိုအပ်ချက်များ ကို စေတနာ သွေးအလှူရှင် များ၏ လှူဒါန်းမှုဖြင့် ဖြည့်ဆည်း ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...