Social Icons

Pages

Tuesday, January 24, 2017

ထိုင်းဘုရင့်တပ်မတော် ကြည်းတပ်ဦးစီးချုပ်နှင့် ဇနီး ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ရောက်ရှိ ၊ နေပြည်တော်အတွင်း လှည့်လည်ကြည့်ရှု လေ့လာ


ထိုင်းဘုရင့်တပ်မတော် ကြည်းတပ်ဦးစီးချုပ် Senior Colonel Apichart Choopavang နှင့် ဇနီး
ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်လေဆိပ်သို့ ရောက်ရှိစဉ်

နေပြည်တော် ၊ ၂၄-၁-၂၀၁၇

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၏ ဖိတ်ကြားချက် အရ ထိုင်းဘုရင့်တပ်မတော် ကြည်းတပ်ဦးစီးချုပ် General Chalermchai Sitthisad နှင့်ဇနီးဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် ယမန်နေ့ နံနက်ပိုင်းတွင် လေကြောင်းခရီးဖြင့် နေပြည်တော်လေဆိပ် သို့ရောက်ရှိလာရာ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြင့်မော် နှင့် တပ်မတော် အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းဘုရင့် တပ်မတော် ကြည်းတပ်စစ်သံမှူး Senior Colonel Apichart Choopavang နှင့် တာဝန်ရှိသူများက လေဆိပ်တွင်ကြိုဆို နှုတ်ဆက်ကြသည်။

ထိုင်းဘုရင့်တပ်မတော် ကြည်းတပ်ဦးစီးချုပ် Senior Colonel Apichart Choopavang နှင့် အဖွဲ့ဝင်များသည် နေ့လယ်ပိုင်းတွင် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ စစ်ဦးစီးအရာရှိချုပ် (ကြည်း) ဗိုလ်ချုပ် မိုးမြင့်ထွန်း၊ တပ်မတော် အရာရှိကြီးများနှင့် အတူ နေပြည်တော်ရှိ နယ်မြေခံ လေ့ကျင့်ရေးကျောင်း သို့သွားရောက် ၍ မြန်မာ့တပ်မတော် အထူးတပ်ဖွဲ့ဝင်များ၏ လေ့ကျင့်သရုပ်ပြသ နေမှုများနှင့် လေ့ကျင့်ရေးကွင်း တည်ဆောက်ထားရှိမှု အခြေအနေ များကို ကြည့်ရှု လေ့လာကြပြီး အထူးတပ်ဖွဲ့ဝင် များအတွက် အထိမ်းအမှတ် လက်ဆောင် ပစ္စည်းများ ပေးအပ်ရာ ကျောင်းအုပ်ကြီးက လက်ခံရယူသည်။

ထိုင်းဘုရင့်တပ်မတော် ကြည်းတပ်ဦးစီးချုပ် Senior Colonel Apichart Choopavang မြန်မာတပ်မတော် အထူးတပ်ဖွဲ့ဝင်များ၏ လေ့ကျင့်သရုပ်ပြသနေမှုများကို ကြည့်ရှုလေ့လာစဉ်

နေပြည်တော်ရှိ နယ်မြေခံလေ့ကျင့်ရေးကျောင်းမှ မြန်မာ့တပ်မတော် အထူးတပ်ဖွဲ့ဝင်များ
 လေ့ကျင့်သရုပ်ပြသစဉ်

ယင်းနောက် ညနေပိုင်းတွင် ထိုင်းဘုရင့် တပ်မတော်ကြည်းတပ် ဦးစီးချုပ်နှင့် ဇနီး ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် ဥပ္ပါတသန္တိ စေတီတော်သို့ သွားရောက်ဖူးမြော် ကြည်ညို၍ ဆင်ဖြူတော်ဆောင် ရှိ ဆင်ဖြူတော် များအား ကြည့်ရှုလေ့လာ ခဲ့ကြကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...