Social Icons

Pages

Wednesday, December 28, 2016

WCS ၏ပံ့ပိုးမှုဖြင့် လင်းပိုင်ထိန်းသိမ်း စောင့်ရှောက်ရေးဧရိယာချဲ့၍ ကင်းလှည့်စစ်ဆေးနိုင်ရေး သင်္ဘောအသစ်တစ်စီး တည်ဆောက်သွားမည်



မန္တလေး ၊ ၂၈-၁၂-၂၀၁၆

သားငှက် ထိန်းသိမ်းရေး အဖွဲ့ (WCS) ၏ ကူညီပံ့ပိုးမှုဖြင့် ဧရာဝတီလင်းပိုင် ထိန်းသိမ်း စောင့်ရှောက်ရေး ဧရိယာ (Protected Area) ချဲ့၍ ကင်းလှည့် စစ်ဆေးနိုင်ရေး နှင့် ယခင်ထက် ပိုမိုထိန်းသိမ်း စောင့်ရှောက် နိုင်ရေးအတွက် သဘောင်္ အသစ်တစ်စီး တည်ဆောက် သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး ငါးလုပ်ငန်း ဦးစီးဌာနမှ သိရသည်။

ဒီဇင်ဘာ ၁၆ ရက်မှ ၁၈ ရက် ထိ ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပတ်ဝန်းကျင်၊ မျိုးသုဉ်းရှားပါး ဌာနစု၊ သားငှက် ထိန်းသိမ်းရေး အဖွဲ့ (WCS)၊ စိမ်းရောင်စိုအဖွဲ့ (မန္တလေး)နှင့် ရေကြောင်း ရဲတပ်ဖွဲ့ခွဲ (မန္တလေး) တို့ပူးပေါင်း၍ ဧရာဝတီ လင်းပိုင် ထိန်းသိမ်း စောင့်ရှောက်ရေး ဧရိယာ (Protected Area) အတွင်း ပုံမှန် ဧရာဝတီလင်းပိုင် သုတေသနပြု လေ့လာခြင်း၊ ငါးသယံဇာတနှင့် ဧရာဝတီလင်းပိုင် ထိန်းသိမ်း စောင့်ရှောက်ရေး အသိပညာပြန့်ပွား စေခြင်း စသည့်လုပ်ငန်း များကို မော်တော်ငယ်ဖြင့် သွားရောက်၍ ဆောင်ရွက်ခဲ့ ကြကြောင်း၊ အဆိုပါ အသစ် တည်ဆောက်မည့် သင်္ဘော ပြီးစီးပါက ငါးလုပ်ငန်း ဦးစီးဌာနက ဦးစီး၍ လင်းပိုင်ထိန်းသိမ်း စောင့်ရှောက်ရေး လုပ်ငန်းများ ယခုထက် ပိုမိုလုပ်ဆောင် သွားနိုင်မည် ဖြစ်ကြောင်း သိရသည်။

လက်ရှိ ဧရာဝတီလင်းပိုင် ထိန်းသိမ်း စောင့်ရှောက်ရေး ဧရိယာ (Protected Area) သည် မန္တလေး၊ မင်းကွန်းမှ ကျောက်မြောင်း (ရေတော်ဘုရား)နှင့် မန္တလေးမြို့မှ စဥ့်ကူးမြို့နယ် ရွာသာကျေးရွာ ထိရှိပြီး၊ ၄င်းဧရိယာ အတွင်းတွင် လစဉ် ပုံမှန် ကင်းလှည့်ခြင်း များ ဆောင်ရွက်လျက် ရှိကြောင်း လင်းပိုင် ထိန်းသိမ်း စောင့်ရှောက်ရေး ဧရိယာ ထပ်မံတိုးချဲ့ ရန်လည်း စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း မန္တလေးတိုင်း ဒေသကြီး ငါးလုပ်ငန်း ဦးစီးဌာန၏ ပုံမှန် ကင်းလှည့် ခရီးစဉ် အစီရင်ခံ တင်ပြချက်များမှ သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၃)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...