Social Icons

Pages

Wednesday, December 28, 2016

မန်းရွှေစက်တော် ဘုရားပွဲတော်ကို လာမည့် ဖေဖော်ဝါရီ ၁ ရက်တွင် စတင်ဖွင့်လှစ်ကာ ၇၆ ရက်တိုင်တိုင် ကျင်းပသွားမည်



မင်းဘူး ၊ ၂၈-၁၂-၂၀၁၆

ယခုနှစ် မန်းရွှေစက်တော် ဘုရားပွဲတော်ကို လာမည့် ဖေဖော်ဝါရီ ၁ ရက်တွင် စတင်ဖွင့်လှစ်ကာ ၇၆ ရက်တိုင်တိုင် ကျင်းပသွားမည် ဖြစ်ကြောင်း မန်းရွှေစက်တော် ဘုရားဂေါပက အဖွဲ့၏ သတင်း ထုတ်ပြန်ချက် များအရ သိရသည်။

မြန်မာနိုင်ငံ၏ တန်ခိုးကြီး ဘုရားစေတီ များ၏ ရက်ရှည် ဘုရားပွဲတော် များတွင် အပါအဝင် ဖြစ်သည့် မန်းရွှေစက်တော် ဘုရားပွဲတော်ကို နှစ်စဉ်နှစ်တိုင်း စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက် ရှိရာ လာမည့်နှစ် ဖေဖော်ဝါရီ ၁ ရက်မှစ၍ ဧပြီ ၁၇ ရက်ထိ စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ် သွားမည်ဖြစ်သည်။

မန်းရွှေစက်တော် ဘုရားပွဲတော် သို့ လာရောက်ကြမည့် ဘုရားဖူး ဧည့်သည်များ အဆင်ပြေစွာ ဘုရားဖူး သွားလာနိုင်ရန် အတွက် မန်းရွှေစက်တော် ဘုရားပရိဝုဏ်ရှိ နမ္မဒါ တည်းခိုဆောင် လုပ်ငန်း၊ သန့်စင်ခန်း တင်ဒါလုပ်ငန်း၊ ရေချမ်းစင်၊ ညောင်ထောက်၊ ကန်တော့ပွဲ တင်ဒါလုပ်ငန်း၊ တည်းခိုဆောင် လုပ်ငန်းနှင့် ဈေးဆိုင်ခန်း လုပ်ငန်းစသည့် လုပ်ငန်းများ ကိုလည်း နှစ်စဉ်နှစ်တိုင်း ကဲ့သို့ လုပ်ကိုင် ဆောင်ရွက်သွားမည် ဖြစ်သည်။

ထို့ကြောင့် အဆိုပါလုပ်ငန်း များနှင့် ပတ်သက်၍ လုပ်ကိုင် ဆောင်ရွက်လို သူများ အနေဖြင့် မင်းဘူးမြို့ရှိ ရွှေစက်တော် ဘုရားကြီး ဂေါပကအဖွဲ့ရုံးတွင် လာရောက်စုံစမ်း လျှောက်ထားနိုင်ပြီ ဖြစ်ကြောင်း မင်းဘူးမြို့ မန်းရွှေစက်တော် ဘုရားဂေါပက အဖွဲ့၏ သတင်း ထုတ်ပြန်ချက် အရ သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...