Social Icons

Pages

Friday, November 11, 2016

ပုံမှန်အုပ်ချုပ်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော နယ်ခြားစောင့် တပ်ဖွဲ့ယာဉ်အား ဒေသန္တရလက်လုပ်မိုင်း နှင့် ရီမုမိုင်းထိမှန် ပေါက်ကွဲ


ဒေသန္တရလက်လုပ် နင်းမိုင်း နှင့် ရီမုမိုင်းကြောင့် ပျက်စီးသွားသည့် မော်တော်ယာဉ်ကို တွေ့ရစဉ်

နေပြည်တော် ၊ ၁၁-၁၁-၂၀၁၆

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် အတွင်း နယ်ခြားစောင့် တပ်ဖွဲ့ဝင် များသည် မော်တော်ယာဉ်ဖြင့် ပုံမှန် အုပ်ချုပ်မှု လုပ်ငန်းများ ဆောင်ရွက်စဉ် ယမန်နေ့နံနက် ၇ နာရီခွဲ ခန့်၌ ကောင်းမူကျေးရွာ ၏ မြောက်ဘက် မီတာ ၇ဝဝ ခန့်အကွာသို့ ရောက်ရှိရာ KKO ခွဲထွက် အဖွဲ့မှ ထောင်ထားသော ဒေသန္တရ လက်လုပ်နင်းမိုင်း တစ်လုံးအား နင်းမိပေါက်ကွဲ ခဲ့ပြီးယာဉ်မှာ ရှေ့ဘီး ပွင့်ထွက်ကာ ရပ်တန့်သွား ချိန်တွင် ရီမုမိုင်းတစ်လုံး ထပ်မံပေါက်ကွဲ ခဲ့သည်။

ဖြစ်စဉ်တွင် မော်တော်ယာဉ် တစ်စီးပျက်စီး ဆုံးရှုံးခဲ့ပြီး နယ်မြေခံ တပ်မတော် စစ်ကြောင်း နှင့် နယ်ခြားစောင့် တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် အဆိုပါနေရာ တစ်ဝိုက် နှင့်အနီး ပတ်ဝန်းကျင်အား နယ်မြေ ရှင်းလင်းရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...