Social Icons

Pages

Wednesday, November 2, 2016

မောင်တောမြို့နယ်အတွင်း နယ်မြေရှင်းလင်းစဉ် သေနတ်တစ်လက် သိမ်းဆည်းရမိ


သိမ်းဆည်းရမိ အမ်အေ-၁၁ သေနတ်တစ်လက် ၊ ၄င်းကျည် ၂၀ တောင့်တို့ကို တွေ့ရစဉ်

သက္ကယ်ပြင်ရွာ နှင့် ၀ါးပိတ်ရွာကြား စပါးခင်း အတွင်းမှ သိမ်းဆည်းရမိသော
 သေနတ်တစ်လက်ကို တွေ့ရစဉ်


နေပြည်တော် ၊ ၂-၁၁-၂၀၁၆

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အတွင်း တပ်မတော်စစ်ကြောင်း နှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်း အဖွဲ့က နယ်မြေ ရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်စဉ် ယမန်နေ့ ညနေ ၃ နာရီ ၄၅ မိနစ်တွင် သက္ကယ်ပြင်ရွာ နှင့် ဝါးပိတ်ရွာကြား စပါးခင်းအတွင်းမှ အမ်အေ-၁၁ သေနတ် တစ်လက်၊ ၄င်းကျည်အိမ တစ်ခု၊ ၄င်းကျည် ၂ဝ တောင့်တို့အား ရှာဖွေသိမ်းဆည်း ရမိခဲ့ပြီး သိမ်းဆည်း ရမိသော သေနတ်မှာ အကြမ်းဖက် စီးနင်း တိုက်ခိုက်သူများ ယူဆောင်သွား ခဲ့သည့် သေနတ် ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ သိမ်းဆည်းရမိ ခဲ့သည့် လက်နက်၊ခဲယမ်း များအား နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံ သွားမည် ဖြစ်ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...