Social Icons

Pages

Friday, November 18, 2016

ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း စစ်တွေတပ်နယ်သို့ ရောက်ရှိ ၊ နယ်မြေလုံခြုံရေး ဆောင်ရွက်ထားရှိမှု များအားစစ်ဆေး ၊ ရပ်မိရပ်ဖများအား တွေ့ဆုံ


ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း
 စစ်တွေမြို့ ရပ်မိရပ်ဖများနှင့် တွေ့ဆုံစဉ်

ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း
 စစ်တွေမြို့ ရပ်မိရပ်ဖများကို ရင်းရင်းနှီးနှီး နှုတ်ဆက်စဉ်

နေပြည်တော် ၊ ၁၈-၁၁-၂၀၁၆

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ လိုက်ပါ၍ ယမန်နေ့ မွန်းလွဲပိုင်းတွင် စစ်တွေမြို့သို့ ရောက်ရှိရာ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်ကျော်ဇော နှင့် တာဝန်ရှိသူများက လေဆိပ်တွင် ကြိုဆို နှုတ်ဆက်ကြသည်။

ယင်းနောက် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း အား နယ်မြေခံ တပ်အစည်းအဝေး ခန်းမ၌ စစ်တွေမြို့နယ်နှင့် ဘူးသီးတောင်၊ မောင်တောနယ်မြေ အတွင်း တပ်မတော် စစ်ကြောင်းများနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ နယ်မြေလုံခြုံရေး ဆောင်ရွက် ထားရှိမှု အခြေအနေများအား ဒုတိယ ဗိုလ်ချုပ်ကြီး အောင်ကျော်ဇော နှင့် တာဝန်ရှိသူ များက ရှင်းလင်း တင်ပြသည်။

ရှင်းလင်းတင်ပြမှု အပေါ် ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခြင်း၊ အသေးစိတ် ညွှန်ကြားခြင်းနှင့် ရည်မှန်းချက် တာဝန်များ ချမှတ်ပေးခြင်း တို့ကို ဆောင်ရွက် ပေးသည်။

ထို့နောက် ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) နှင့် အဖွဲ့ဝင် များသည် နယ်မြေခံ ပညာရေးကျောင်း သို့ရောက်ရှိကြပြီး ကျောင်းအတွင်း သောက်သုံးရေ ရရှိရေး ဆောင်ရွက် ထားရှိမှုနှင့် သင်တန်းသား စားရိပ်သာအတွင်း လှည့်လည် ကြည့်ရှု စစ်ဆေးသည်။

ယင်းနောက် ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူး ကြီးစိုးဝင်း သည် ညပိုင်းတွင် စစ်တွေမြို့ နယ်မြေခံ တပ်ရိပ်သာရှိ ဧည့်ခန်းမ၌ ရပ်မိရပ်ဖ ၁၅ ဦးနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး နယ်မြေဒေသ တည်ငြိမ် အေးချမ်းရေး အတွက် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေး နိုင်ရေး၊ လိုအပ်သည့် အကြံပြုချက်များ ပေးနိုင်ရေး အပါအဝင် ဒေသခံ ရပ်မိရပ်ဖများ၏ သဘောထားအမြင် များအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...