Social Icons

Pages

Thursday, November 10, 2016

မြန်မာ့ရေပိုင်နက်အတွင်း ၀င်ရောက်လာသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ စက်လှေတစ်စင်းပေါ်တွင် လိုက်ပါလာသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ခြောက်ဦးအား ဖမ်းဆီးရမိ


ဖမ်းဆီးရမိ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ခြောက်ဦးကို တွေ့ရစဉ်

နေပြည်တော် ၊ ၁၀-၁၁-၂၀၁၆

ရခိုင်ပြည်နယ်၊ ရသေ့တောင် မြို့နယ်၊ အလယ်သံကျော် ကျေးရွာ၏ အနောက်တောင်ဘက် ၃ မိုင်ခန့်အကွာ ပင်လယ်ပြင်တွင် မသင်္ကာဖွယ် စက်လှေ တစ်စင်းအား တွေ့ရှိသဖြင့် တပ်မတော်(ရေ) မှ သွားရောက် စစ်ဆေးရာ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ ငါးဖမ်းစက်လှေ တစ်စင်းအား တွေ့ရှိခဲ့ပြီး စက်လှေပေါ်တွင် လိုက်ပါလာသော ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများ ဖြစ်သည့် ဘာမင်ဟူစိန် (ဘ) ဆိုင်းမာမွတ်၊ မော်တေကောရီ (ဘ) ဟာပီပီလာမွတ်၊ ရော်စူးအူလာ (ဘ) လူလူမာ၊ မဟာမွန်ဟူစိန် (ဘ) ရိုဦးမာမွတ်၊ တာတာဟူစိန် (ဘ) လာမာမွတ်နှင့် မာမွန်ဟာကီ (ဘ) ဟာလီဟိုဆွန်း တို့ ခြောက်ဦးအား ဖမ်းဆီးရမိ ခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိ သူများအား စစ်ဆေး ဆောင်ရွက်နိုင်ရေး အလယ်သံကျော် နယ်မြေ ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံ ခဲ့ကြောင်း သိရှိရသည်။


မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...