Social Icons

Pages

Friday, November 18, 2016

မောင်တောမြို့နယ်တွင် အကြမ်းဖက် မသင်္ကာသူ ၅၉ ဦး ထပ်မံဖမ်းဆီးရမိ



နေပြည်တော် ၊ ၁၈-၁၁-၂၀၁၆

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ကျားခေါင်းတောင် ကျေးရွာ၊ ဂွဆုံကျေးရွာ နှင့် ဒါးကြီးဇားကျေးရွာ တို့သို့ အမှတ်(၁) နယ်ခြားစောင့် ရဲကွပ်ကဲမှု အဖွဲ့မှူးရုံးမှ ဒုတိယရဲမှူး တစ်ဦး ဦးဆောင်သည့် အဖွဲ့ သည် ယမန်နေ့ နံနက် ၁ဝ နာရီက ဝင်ရောက် ရှင်းလင်းရာ အကြမ်းဖက် သမားဟု ယူဆရသော မသင်္ကာသူ ၅၉ ဦးအား ဖမ်းဆီးရမိ ခဲ့သည်။

အဆိုပါ မသင်္ကာသူ ၅၉ ဦးမှာ ဂွဆုံကျေးရွာနေ ရှော်ရှီးတာမောက် ၅၂ နှစ်(ဘ)အာဘီ အပါအဝင် ဂွဆုံကျေးရွာမှ ၂၁ ဦး၊ ကျားခေါင်းတောင် ကျေးရွာမှ ကိုးဦး တို့အား ညနေ ၅ နာရီ ၃၅ မိနစ်တွင် အမှတ်(၃) နယ်ခြားစောင့် ရဲကွပ်ကဲမှု အဖွဲ့မှူးရုံး တွင်လည်းကောင်း၊ ဂွဆုံကျေးရွာနေ ကျပန်းလုပ်ငန်း လုပ်ကိုင်သည့် ဟာမတ်ဒူလာ ၁၅ နှစ် (ဘ) နုလာရာလ်လောင် အပါအဝင် ဂွဆုံကျေးရွာမှ ၁၅ ဦး၊ ကျားခေါင်း တောင်ကျေးရွာမှ ၁၂ ဦး၊ ဒါးကြီးဇားကျေး ရွာမှ တစ်ဦး၊ ဦးဆိန်ကျ ကျေးရွာမှ တစ်ဦးတို့ အား ညနေ ၅ နာရီ ၄၅ မိနစ်တွင် အမှတ် (၄) နယ်ခြားစောင့် ရဲကွပ်ကဲမှု အဖွဲ့မှူးရုံးတွင် လည်းကောင်း ခေတ္တ ထိန်းသိမ်းပြီး လိုအပ်သည်များ စိစစ် ဆောင်ရွက်လျက် ရှိကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်း ထုတ်ပြန်ရေး ကော်မတီမှ သတင်း ထုတ်ပြန်ထားသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...