Social Icons

Pages

Tuesday, November 1, 2016

နယ်မြေလုံခြုံရေး ဆောင်ရွက်လျက်ရှိသည့် တပ်မတော်စစ်ကြောင်းအား TNLA လက်နက်ကိုင်အဖွဲ့မှ ချောင်းမြောင်းပစ်ခတ် တိုက်ခိုက်


နေပြည်တော် ၊ ၁-၁၁-၂၀၁၆

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နမ့်ဆန်မြို့နယ် အတွင်း တပ်မတော် စစ်ကြောင်းသည် ပုံမှန် နယ်မြေလုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်စဉ် အောက်တိုဘာ ၂၉ ရက် နံနက် ၉ နာရီခွဲခန့်တွင် ကုန်းသာကျေးရွာ ၏ အရှေ့ တောင်ဘက် မီတာ ၅ဝဝ ခန့်အကွာသို့ အရောက် TNLA လက်နက်ကိုင် အဖွဲ့မှ အင်အား ၅ဝ ဦးခန့်နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ရာ ရန်သူသည် အရှေ့တောင် ဘက်သို့ ဆုတ်ခွာသွား ခဲ့သည်။

အလားတူ တပ်မတော် စစ်ကြောင်းသည် နယ်မြေလုံခြုံရေး ဆောင်ရွက်စဉ် အောက်တိုဘာ ၃ဝ ရက် နံနက် ၇ နာရီ ၁ဝ မိနစ်ခန့်တွင် အူးမန်းကျေးရွာ ၏ အရှေ့တောင်ဘက် မီတာ ၁ဝဝဝ ခန့်အကွာသို့  အရောက် TNLA လက်နက်ကိုင် အဖွဲ့မှ အင်အား ၅ဝ ဦးခန့်သည် လမ်း၏ ဘယ်/ညာ တောင်ကုန်းများမှ လက်နက်ငယ် များဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့သဖြင့် တပ်မတော် စစ်ကြောင်းက ပြန်လည် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ရန်သူသည် အရှေ့ဘက်နှင့် အရှေ့တောင် ဘက်သို့ နှစ်ဖွဲ့ခွဲ၍ ဆုတ်ခွာသွား ခဲ့သည်။

ဆုတ်ခွာရာ နောက်သို့ တပ်မတော် စစ်ကြောင်းက လိုက်လံ ရှင်းလင်းရာ ညနေ ၄ နာရီ ၁၅ မိနစ်ခန့်တွင် ပန်အလောက် ကျေးရွာ၏ အနောက် မြောက်ဘက် မီတာ ၅ဝဝ ခန့်အကွာသို့ ရောက်ရှိစဉ် TNLA လက်နက်ကိုင် အဖွဲ့မှ အင်အား ၇ဝ ဦးခန့် က ဆွဲမိုင်း ငါးလုံးေ ဖာက်ခွဲပြီး လက်နက်ကြီး/ လက်နက်ငယ် များဖြင့် ပစ်ခတ်တိုက် ခိုက် သဖြင့် တပ်မတော်မှ ပြန်လည် တိုက်ခိုက်ခဲ့ရာ အရှေ့တောင် ဘက်သို့ ဆုတ်ခွာ သွားခဲ့သည်။

ဖြစ်စဉ်အတွင်း တပ်မတော်မှ စစ်သည်အချို့ နိုင်ငံတော် အတွက် အသက်ပေးလှူ ခဲ့ရပြီး အရာရှိ၊ စစ်သည်အချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ ရန်သူ့ထံမှ ဒေသန္တရလုပ် ရှေ့ထွက်မိုင်း သုံးလုံး၊ TNLA တံဆိပ်ပါ ဦးထုပ်တစ်လုံး တို့ကို သိမ်းဆည်းရမိ ခဲ့သည်။

ရန်သူဆုတ်ခွာရာ နောက်သို့ တပ်မတော် စစ်ကြောင်းများက လိုက်လံ ရှင်းလင်းခြင်းများ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...