Social Icons

Pages

Sunday, October 30, 2016

အမေရိကန်နိုင်ငံက ပေးသည့် GSP တွင် ပို့ကုန်အမည် ၅၀၀၀ နီးပါး အခွန်ကင်းလွတ်ခြင်းကြောင့် ပြည်တွင်းစီးပွားရေး လုပ်ငန်းများ အရည်အသွေးပိုင်း ထိန်းသိမ်း လုပ်ဆောင်ရမည်


ရန်ကုန် ၊ ၃၀-၁၀-၂၀၁၆

အမေရိကန်နိုင်ငံ က ပေးသည့် ကုန်သွယ်မှုဆိုင်ရာ အထူးအခွင့်အရေး (GSP) တွင် ပို့ကုန်အမယ် ၅ဝဝဝ နီးပါး အခွန်ကင်းလွတ်ခွင့် ရရှိခြင်းကြောင့် ပြည်တွင်း စီးပွားရေး လုပ်ငန်းများ အရည်အသွေးပိုင်း ထိန်းသိမ်း လုပ်ဆောင် ရမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

အခွန် ကင်းလွတ်ခွင့်ကို နိုဝင်ဘာလလယ်တွင် စတင်ရရှိမည် ဖြစ်သောကြောင့် ပို့ကုန်များ၏ အရည်အသွေးပိုင်း ထိန်းသိမ်းခြင်းကို လုပ်ထုံးလုပ်နည်း များနှင့်အညီ ဆောင်ရွက်ရမည် ဖြစ်သည်။

''ကျွန်တော်တို့က ဈေးကွက်တော့ ပွင့်သွားပြီ။ ဈေးကွက်ရဖို့တော့ လိုတာပေါ့။ ခုလို GSP ရတယ်ဆိုတာ ကျွန်တော်တို့နိုင်ငံ အတွက် တကယ့်ကို မင်္ဂလာသတင်း ပါပဲ။ စိုက်ပျိုးရေးကို အခြေခံတဲ့ နိုင်ငံဖြစ်တဲ့ အတွက် စိုက်ပျိုးရေး ကုန်စည်တွေကိုပဲ အဓိကတင်ပို့ သွားမှာပါ'' ဟု စီးပွားရေးလုပ်ငန်း အစုအဖွဲ့ မှ ဦးနိုင်လင်းစိုး ကပြောသည်။

''ဒီနှစ်ထဲမှာ စာချုပ်ချုပ်ဖြစ်မယ် ဆိုပေမယ့် ကျွန်တော်တို့ ချက်ချင်းတော့ မဖြစ်နိုင်ဘူး ထင်တယ်။ အမေရိကန်နဲ့ ဥရောပဈေးကွက် ကနေ ဂျပန်နဲ့ တောင်ကိုရီးယား ဈေးကွက် တွေအထိ ရောက်သွား နိုင်ပါတယ်။ ဒီလို
ရောက်သွားတာက အမေရိကန် တို့က ပြန်ပြီး GSP ပေးလိုက်တဲ့ အတွက် ဟိုဘက် ဈေးကွက်တွေက လျော့သွားမယ်လို့ မဆိုလိုပါဘူး။ အဲဒါကတော့ မဖြစ်နိုင်ဘူးလို့ ထင်တယ်။ လက်ရှိရနေတဲ့ အာရှဈေးကွက် ကလည်းရမယ်၊ အနောက်နိုင်ငံ တွေ ဈေးကွက်ကလည်း ရမယ်ဆိုရင်တော့ ပိုပြီးတော့ စာချုပ်ချုပ်ဖြစ် လာမှာပါ'' ဟု ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင် ဦးစိုင်းနောင် က သုံးသပ်ပြောသည်။

မြန်မာနိုင်ငံ၌ အမေရိကန် စီးပွားရေး ရင်းနှီးမြှုပ်နှံမှုသည် သြဂုတ်လကုန် အထိ လုပ်ငန်းပေါင်း ၁၇ ခုနှင့် ရင်းနှီးမြှုပ်နှံမှု တန်ဖိုး အမေရိကန်ဒေါ်လာ ၂၄၈ သန်း ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန စာရင်းများအရ သိရသည်။ ( ဇာဏီ )

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...