Social Icons

Pages

Sunday, June 5, 2016

ငှက်ဖျားရောဂါနှင့် ဆေးယဉ်ပါးမှု ပြဿနာ



ဒေါက်တာ လွင်သန့် (ဆေး-၂)

ဆေးယဉ်ပါးနေတဲ့ ငှက်ဖျားရောဂါ ကူးစက်တဲ့ ဧရိယာဟာ ထင်ထားတာထက် ပိုပြီးကျယ်ပြန့် လာပါတယ်။ ဆေးယဉ်ပါး ငှက်ဖျား ရောဂါဟာ မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင် အာရှနိုင်ငံ တွေမှာ အဖြစ်များပါတယ်။

လန်းတတ်စ် ကူးစက်ရောဂါ များမှာ ဆေးယဉ်ပါး ငှက်ဖျား ပြဿနာ ကြီးကြီးမားမား ဝင်ရောက်ဖို့ နီးစပ်နေပြီလို့ ဖော်ပြထား ပါတယ်။ ၂ဝဝဝ ပြည့်နှစ် နောက်ပိုင်းမှာ ငှက်ဖျားရောဂါ ကြောင့် သေဆုံးမှုကို ကမ္ဘာတစ်ဝန်း လုံးမှာ ထက်ဝက်နီးပါး လျှော့ချနိုင် ပေမယ့် နှစ်စဉ် လူပေါင်း ၅၈၄ဝဝဝ လောက်က ငှက်ဖျား ရောဂါကြောင့် သေဆုံးနေကြ ရပါတယ်။ ငှက်ဖျားရောဂါ အတွက် အာတီမီစီနင် လို့ ခေါ်တဲ့ ဆေးဝါးကို ၁၉၈၃ ခုနှစ်က ရှာဖွေ တွေ့ရှိခဲ့ပြီး နောက်ပိုင်း ဆေးယဉ်ပါး ဖြစ်နေတဲ့ အရှေ့တောင် အာရှနိုင်ငံ တွေက ရောဂါခံစား နေရသူ တော်တော်များများ သက်သာ စေခဲ့တယ်။ ယခု အာတီမီစီနင် ဆေးယဉ်ပါးမှု ပြဿနာကို ပြန်လည်ကြုံတွေ့ နေရပါတယ်။

မက်ဖလိုကွင်း ဆေးပြားဟာ ဗီယက်နမ် အမေရိကန်စစ်ပွဲ (၁၉၇၃ ခုနှစ်) တွင် စတင် သုံးစွဲခဲ့တယ်။ တစ်ပတ်မှာ ဆေးတစ်လုံး ဒါမှမဟုတ် ဆေးနှစ်လုံးကို ငှက်ဖျားရောဂါ ကာကွယ်ဆေး အနေနဲ့ တိုက်ကျွေးခဲ့ ရာမှ ၂ဝဝဝ ပြည့်နှစ် ရောက်တဲ့အခါ မက်ဖလိုကွင်း ဆေးယဉ်ပါးတဲ့ ငှက်ဖျားရောဂါ တွေ အရှေ့တောင် အာရှမှာ ဖြစ်လာခဲ့ ပြန်ပါတယ်။ 

ဆေးယဉ်ပါးမှု ပြဿနာဟာ သမိုင်းကြောင်း ရှိပါတယ်။ ကလိုရိုကွင်းဟာ လူသန်းပေါင်း များစွာကို ငှက်ဖျားရောဂါ ကနေ ကယ်တင်ပေး နိုင်ခဲ့ပါတယ်။ ၁၉၅၇ ခုနှစ်မှာ ကမ္ဘောဒီးယားနဲ့ ထိုင်းနယ်စပ်မှာ ဆေးယဉ်ပါးတဲ့
ငှက်ဖျားရောဂါပိုး စတင်တွေ့ရှိ ခဲ့ပြီး ၁၇ နှစ်အကြာမှာ ကလိုရိုကွင်း ဆေးယဉ်ပါးမှု ဟာ အာဖရိကကို ပျံ့နှံ့လာခဲ့ ပါတယ်။

အရှေ့တောင် အာရှဟာ ငှက်ဖျားဆေး ယဉ်ပါးမှု ဇာစ်မြစ် ဖြစ်နေတယ်။ ဆေးယဉ်ပါးမှု လေ့လာစူးစမ်း နေတဲ့ ပါမောက္ခ ဖိလစ်ပီဂူးရီးယား က ငှက်ဖျားဆေး ယဉ်ပါးမှု ပြဿနာက ပျံ့နှံ့နေပြီး ထိတ်လန့်စရာ ကောင်းကြောင်း၊ နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်မှုကို အားသွန်ခွန်စိုက် လုပ်ဖို့လိုကြောင်း ဆိုထားပါတယ်။

ငှက်ဖျားရောဂါ ဖြစ်ပွားမှုဟာ အရင်ကထက် ထက်ဝက်လောက်လျော့ကျသွား ပေမယ့် ရှိတဲ့ ငှက်ဖျားက ဆေးယဉ်ပါး ငှက်ဖျား ဖြစ်နေလို့ လူသားတို့ အတွက် ကပ်ရောဂါ အသွင်ဖြစ်လာ နိုင်ပါတယ်။

ယခုအခါ ဆေးပေါင်းစနစ် တိုက်ကျွေးလျက် ရှိရာ ပထမနေ့ နဲ့ ဒုတိယနေ့ တွေမှာ အာတီဆူနိတ် လေးလုံးနဲ့ မက်ဖလိုကွင်း နှစ်လုံးစီ၊ တတိယမြောက် နေ့မှာ အာတီဆူနိတ် လေးလုံးနဲ့ မက်ဖလိုကွင်း တစ်လုံး စုစုပေါင်း အာတီဆူနိတ် ၁၂ လုံးနဲ့ မက်ဖလိုကွင်း ငါးလုံးပါဝင်တဲ့ ကုသမှုကို ဆေးယဉ်ပါး ငှက်ဖျား ဖြစ်ပွားရာ ဒေသတွေမှာ အရှေ့တောင် အာရှ တစ်ဝန်း စီမံချက်နဲ့ သုံးစွဲလာပါပြီ။ ဆေးဝါးများ ထုတ်လုပ်ရာမှာ ဆေးပေါင်းစနစ်သာထုတ်ဝေဖို့ WHO က အကြံပြုထား ပါတယ်။

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...