Social Icons

Pages

Sunday, April 24, 2016

ဆူးမပါသည့်နှင်းဆီကို လူကြိုက်များသဖြင့် စီးပွားဖြစ် စိုက်ပျိုးသူများပြား



ရန်ကုန် ၊ ၂၄-၄-၂၀၁၆

ပြည်တွင်း၌ ဆူးမပါသည့် နှင်းဆီကို လူကြိုက်များပြား လာသဖြင့် အရောင်းသွက် နေ၍ ပန်းစိုက်ပျိုးသူ များမှာ ယင်းနှင်းဆီကို စီးပွားဖြစ် ပိုမိုစိုက်ပျိုး ကြောင်း သိရသည်။

''ဆူးပါတဲ့ပန်းက ပန်းပွင့်အား ကောင်းပါတယ်။ ဒါပေမဲ့ ဘုရားပန်းအိုး တို့၊ အလှအိုးတို့ ထိုးရင် တာရှည် မခံဘူး။ ဆူးမပါတဲ့ နှင်းဆီက တာရှည်ခံ နိုင်တဲ့အပြင် ရာသီဥတုဒဏ် ကိုလည်း ပိုပြီး ခံနိုင်တယ်။ ဒါကြောင့် နှင်းဆီပန်း တွေထဲမှာ ဆူးမပါတဲ့ နှင်းဆီကို လူကြိုက် ပိုများပြီး အရောင်းလည်း သွက်ပါတယ်။ သုံးလကျော် လေးလလောက် ရှိရင် ဈေးကွက်ကို တင်ပို့ နိုင်တာကြောင့် လက်ရှိမှာ စီးပွားဖြစ် စိုက်ပျိုးလာကြ တာပါ'' ဟု မှော်ဘီမြို့နယ်မှ ဆူးမပါသည့် နှင်းဆီ စိုက်ပျိုးသူ ဦးဆွေအုန်း က ပြောသည်။

အဆိုပါ ဆူးမပါသည့် နှင်းဆီသည် တောင်ကိုရီးယား နိုင်ငံမှ မျိုးဖြစ်ပြီး ဆူးမပါဝင်အောင် ပထမဆုံး ပြည်တွင်းနှင်းဆီ အရိုင်းပင်ကို စတင်စိုက်ပျိုးကာ အပင်အမြင့် တစ်ပေခန့် ရှိလာပါက ယင်း ဆူးမပါသည့် နှင်းဆီပင်နှင့် ပေါင်း၍ ပလတ်စတစ်ဖြင့် ပတ်ကာ ဝတ်မှုန်ကူး စိုက်ပျိုးခြင်း ဖြစ်သည်။ ဆူးမပါသည့် နှင်းဆီသည် ရာသီမရွေး စိုက်ပျိုးနိုင်ခြင်း နှင့် နှင်းဆီရိုင်းပင် များဖြင့် ဝတ်မှုန်ကူးခြင်း ကြောင့် အကြမ်းခံ နိုင်ကြောင်း သိရသည်။

သီရိ

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...