Social Icons

Pages

Sunday, April 24, 2016

ရန်ကုန်တိုင်းဒေသကြီး အတွင်း ညအိပ်ခွန်မဲ့ မော်တော်ယာဉ်များ ဖမ်းဆီးမှုကို မေ ၁ ရက်တွင် ပြန်လည်စတင်မည်


ရန်ကုန် ၊ ၂၄-၄-၂၀၁၆

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ညအိပ်ခွန်မဲ့ မော်တော်ယာဉ်များ ဖမ်းဆီးမှုကို ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်အစ ဖြစ်သည့် ၂ဝ၁၆ ခုနှစ် မေ ၁ ရက်တွင် ပြန်လည် စတင်မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ စီမံရေးရာဌာနမှ သိရသည်။

အဆိုပါ ညအိပ်ခွန်မဲ့ မော်တော်ယာဉ်များ ဖမ်းဆီးမှုကို ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ရခြင်း ဖြစ်ပြီး ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ် မတ် ၃၁ ရက်တွင် ဖမ်းဆီးမှု ရပ်နားခဲ့ခြင်း ဖြစ်ကာ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် အစ မေ ၁ ရက်တွင် ညအိပ်ခွန်မဲ့ မော်တော်ယာဉ်များ ကို ပြန်လည် ဖမ်းဆီးမည် ဖြစ်ကြောင်း သိရသည်။ ညအိပ်ခွန်မဲ့ မော်တော်ယာဉ်များ ဖမ်းဆီးမှုကို ၂ဝ၁၅ ခုနှစ် ဇူလိုင် ၂၁ ရက်က စတင်ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး အနောက်ပိုင်း ခရိုင်မှ ညအိပ်ခွန်မဲ့ မော်တော်ယာဉ်များ အများဆုံး ဖမ်းဆီးရရှိ ထားကာ ဖမ်းဆီးရာ တွင် ဒဏ်ကြေး ငွေကျပ် တစ်သောင်းမှစ၍ ငွေကျပ်ငါးသိန်း အထိ တရားရုံး၏ အဆုံးအဖြတ်ဖြင့် အမိန့်ချခြင်း ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ စီမံရေးရာဌာန မှ သိရသည်။

ညအိပ်ခွန်မဲ့ မော်တော်ယာဉ် များကို ဖမ်းဆီးခဲ့ရာတွင် ကားပါကင် ထောက်ခံချက်ဖြင့် တင်သွင်းသော ကားများ ပိုမိုဖမ်းဆီး ခဲ့ပြီး ကားပါကင် ထောက်ခံချက် ပါရှိသော်လည်း ညအိပ်ခွန်မဲ့ မော်တော်ယာဉ် အဖြစ် ဖမ်းဆီးစစ်ဆေး အရေးယူခြင်းမှာ ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ် အတွင်း ညအိပ်ခွန် ပေးဆောင်ထားခြင်း မရှိသည့်အတွက် ဖမ်းဆီး အရေးယူ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၃)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...