Social Icons

Pages

Monday, March 14, 2016

မန္တလေးတက္ကသိုလ် မနုဿဗေဒဌာန နှင့် ချင်းမိုင်တက္ကသိုလ်တို့ ပူးပေါင်း၍ စာတမ်းဖတ်ပွဲကို ၂၀၁၇ ခုနှစ်တွင် ထပ်မံပြုလုပ်မည်


မန္တလေး ၊ ၁၄-၃-၂၀၁၆

မန္တလေးတက္ကသိုလ် မနုဿဗေဒဌာန နှင့် ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ် တို့ ပူးပေါင်း၍ စာတမ်းဖတ်ပွဲကို ၂ဝ၁၇ ခုနှစ်တွင် ထပ်မံ ပြုလုပ်မည် ဖြစ်ကြောင်း မန္တလေး တက္ကသိုလ်မှ သိရသည်။

''စာတမ်းဖတ်တဲ့ စာစောင်တွေက လူမှုဗေဒဆိုင်ရာ သိမြင်နားလည် မှုနဲ့ ပတ်သက်တဲ့ စာစောင်တွေ များပါတယ်။ ဆရာ၊ ဆရာမ တွေနဲ့ ကျောင်းသားတွေက သုတေသန လုပ်ထားတဲ့ စာတမ်းတွေ ထပ်မံလုပ်ဖို့ ရှိတယ်'' ဟု မန္တလေး တက္ကသိုလ် မနုဿဗေဒ ဌာနမှ ယာယီဌာနမှူး ပါမောက္ခ ဒေါက်တာ ညွန့်ညွန့်ဝင်း က ပြောသည်။

ထို့ပြင် ရိုးရာဓာတ်ပုံ ပြပွဲများပါဝင်ပြီး မြန်မာနိုင်ငံ တိုင်းရင်းသား များ၏ ရိုးရာဝတ်စုံ၊ အသုံးအဆောင် ပစ္စည်း၊ တိုင်းရင်းသား များ၏ လူနေမှုဘဝ ဓာတ်ပုံများ ပါဝင် ပြသခြင်းနှင့် စာတမ်း ဖတ်ခြင်းဖြင့် ဆရာ၊ ဆရာမများနှင့် ကျောင်းသားများ၏ အရည်အချင်းကို မြှင့်တင်နိုင်ရန် ဖြစ်သည်။

ယင်းစာတမ်း ဖတ်ခြင်းကို မတ် ၇ ရက်က မန္တလေး တက္ကသိုလ် မနုဿဗေဒ ဌာနတွင် ပြုလုပ်ခဲ့ပြီး မန္တလေး တက္ကသိုလ် မနုဿဗေဒဌာနမှ စာတမ်း ၁ဝ စောင်၊ ချင်းမိုင် တက္ကသိုလ်မှ စာတမ်း ၁ဝ စောင်၊ ရတနာပုံ တက္ကသိုလ် မှ စာတမ်းသုံးစောင် စုစုပေါင်း ၂၃ စောင်ကို ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက ဖတ်ကြား ခဲ့ကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...