Social Icons

Pages

Wednesday, March 23, 2016

ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း) မှ သင်တန်းသား ၊ သင်တန်းသူများ အခြေခံစစ်ပညာသင်တန်း ၊ လက်နက်ငယ် ပစ်ခတ်စဉ် လက်တွေ့ ပစ်ခတ်လေ့ကျင့်


ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း) မှ သင်တန်းသား ၊ သင်တန်းသူများ လက်နက်ငယ် ပစ်ခတ်စဉ် လက်တွေ့ပစ်ခတ် လေ့ကျင့်စဉ် 

နေပြည်တော် ၊ ၂၃-၃-၂၀၁၆

ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေး တက္ကသိုလ်(စစ်ကိုင်း) မှ သင်တန်းသား၊ သင်တန်းသူ များအား တက္ကသိုလ် လေ့ကျင့်ရေးတပ်မှ နည်းပြများဖြင့် အခြေခံ စစ်ပညာသင်တန်း အမှတ်စဉ် (၄၄/၂ဝ၁၆) ကို ဖွင့်လှစ်သင်ကြား ပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းတွင် ရွှေဘိုမြို့၊ နယ်မြေခံ စစ်အခြေခံ လေ့ကျင့်ရေးတပ် ရှိ စက်ပစ်ကွင်း၌ လက်နက်ငယ် ပစ်ခတ်စဉ် လက်တွေ့ ပစ်ခတ်လေ့ကျင့် မှုများ ပြုလုပ်ကြသည်။

ထိုသို့ လေ့ကျင့်ပစ်ခတ် နေမှုကို အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် သန်းလှိုင်နှင့် တာဝန်ရှိ သူများက သွားရောက် ကြည့်ရှုအားပေး ကြပြီး တိုင်းမှူးက သင်တန်းသား၊ သင်တန်းသူများအား ဂုဏ်ပြုချီးမြှင့် ငွေများ ပေးအပ်သည်။

အဆိုပါ အခြေခံစစ်ပညာ သင်တန်း အမှတ်စဉ် (၄၄/၂ဝ၁၆)ကို မတ် ၁ ရက်မှ ၃၁ ရက်ထိ သင်ကြားပို့ချ ပေးလျက်ရှိပြီး သင်တန်း တွင် မူလတန်း ဆရာအတတ်သင် သုံးနှစ်သင်တန်း အမှတ်စဉ် (၄၅)မှ သင်တန်းသား၊ သင်တန်းသူ ၁၀၅ ဦးနှင့် ပညာရေးဘွဲ့ ငါးနှစ်သင်တန်း အမှတ်စဉ်(၁) မှ သင်တန်းသား သင်တန်းသူ ၁၅၉ ဦး ၊ စုစုပေါင်း ၃၂၈ ဦး တက်ရောက် သင်ကြားလျက် ရှိကြောင်း သိရှိရသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၃၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...