Chevron Company Limited မှ တိုင်းတာရေး ရေယာဉ် MV VKIING VISION အား
တပ်မတော်(ရေ)မှ စစ်ရေယာဉ်ဖြင့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးစဉ်
နေပြည်တော် ၊ ၅-၁-၂ဝ၁၆
Chevron Company Limited မှ တိုင်းတာရေး ရေယာဉ် MV VKIING VISION သည် ရခိုင်ကမ်းလွန် လုပ်ကွက်အမှတ် A-5 တွင် တိုင်းတာရေး လုပ်ငန်းများ ဆောင်ရွက်ပြီး ကျောက်ဖြူ ဆိပ်ကမ်းသို့ ပြန်လည် ထွက်ခွာလာစဉ် ဇန်နဝါရီ ၃ ရက် နံနက် ၅ နာရီ ၄၅ မိနစ်ခန့် တွင် ကျောက်ဖြူ ဆိပ်ကမ်းအဝင် North Terrible ကျောက်တန်းနှင့် ထိခိုက်မှု ဖြစ်ပွားခဲ့သည်။
ထိုသို့ ထိခိုက်မှုကြောင့် ရေယာဉ်၏ ဝဲဘက် Frame No. 70-100 အကြား ရေဝင်မှု ဖြစ်ပေါ်နေကြောင်း သတင်း ရရှိသဖြင့် တပ်မတော်(ရေ )မှ စစ်ရေယာဉ် တစ်စင်းက ရေဝင်ရောက်မှု ဖြစ်ပေါ်နေသော တိုင်းတာရေး ရေယာဉ်ရှိရာသို့ သွားရောက်ကာ ရေစုပ်ပန့်များဖြင့် စုပ်ထုတ်၍ ရေဝင်မှုအား ထိန်းချုပ်ပေး နိုင်ခဲ့ကာ ကူညီ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေး ခဲ့ကြောင်း သတင်းရရှိသည်။ (၁ဝဝ)
မြ၀တီနေ့စဉ် ၊ စာ(၁၆)
No comments:
Post a Comment