Social Icons

Pages

Friday, May 15, 2015

သင်္ဘောသားအခွင့်အရေး ဆိုင်ရာစာချုပ် MLC 2006 တွင် မြန်မာနိုင်ငံအနေဖြင့် ယခုနှစ်အတွင်း ပါဝင် လက်မှတ်ရေးထိုးမည်


ရန်ကုန် ၊ ၁၅-၅-၂၀၁၅

သင်္ဘောသား အခွင့်အရေး ဆိုင်ရာ နိုင်ငံတကာ သဘောတူ စာချုပ် MLC 2006 တွင် မြန်မာနိုင်ငံ အနေဖြင့် ယခုနှစ်အတွင်း ပါဝင် လက်မှတ်ရေးထိုး သွားနိုင်မည် ဖြစ်ကြောင်း ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

အဆိုပါ သင်္ဘောသား အခွင့်အရေး ဆိုင်ရာ နိုင်ငံတကာ သဘောတူ စာချုပ် MLC 2006 တွင် ILO ၏ မူလ ရည်မှန်းချက်များ ဖြစ်သော လုပ်ငန်းခွင် အခြေအနေများ ဖန်တီးပေးခြင်း အပါအဝင် ILO ၏ ဆောင်ရွက်ချက် များကို သင်္ဘောသား များနှင့် သက်ဆိုင်မှု ရှိအောင် လုပ်ဆောင်ပေးခြင်း အားဖြင့် သင်္ဘောသား များ၏ အခြေခံ ရပိုင်ခွင့်နှင့် လွတ်လပ်ခွင့် များကို ရရှိစေမည် ဖြစ်ကြောင်း လည်း သိရသည်။

သင်္ဘောသား များ၏ အခြေခံ ရပိုင်ခွင့်နှင့် လွတ်လပ်ခွင့် များတွင် လွတ်လပ်စွာ အသင်း ဖွဲ့စည်းခြင်း၊ ညှိနှိုင်း ဈေးဆစ်ခြင်း ၊ဖိအားပေး၍ အခမဲ့ အလုပ်ခိုင်း စေခြင်း၊ ရာထူးပေးခြင်း ဆိုင်ရာ ကိစ္စရပ် များတွင် ခွဲခြား ဆက်ဆံခြင်း စသည့် အချက်များ ပါဝင်နေကြောင်း လည်း သိရသည်။

MLC 2006 ကို ကမ္ဘာတစ်ဝန်းရှိ ရေကြောင်း လုပ်ငန်း အများစုမှာ သဘောတူ လက်မှတ် ရေးထိုးပြီး ဖြစ်ကာ ၂ဝ၁၃ ခုနှစ် သြဂုတ်တွင် အဆိုပါ စာချုပ်မှာ အသက်ဝင် နေပြီး ဖြစ်သော်လည်း မြန်မာနိုင်ငံ အနေဖြင့် ယခုနှစ် အတွင်းမှသာ လက်မှတ်ရေးထိုး နိုင်ရန် ပြင်ဆင် နေကြောင်း ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန မှ ညွှန်ကြားရေးမှူး ဦးရဲမြင့် က ပြောပြသည်။

မြန်မာနိုင်ငံ အနေဖြင့် အဆိုပါ MLC 2006 (Martime Labour Convention) သည် Convention ဖြစ်သည့် အတွက် အားသာချက်၊ အားနည်းချက် များ ရှိနိုင်သည့် အတွက် သုံးသပ်မူများ ပြုလုပ်နေ ရသည့်အတွက် လက်မှတ် ရေးထိုးခြင်းကို အချိန်ယူ နေခြင်း ဖြစ်သည် ဟု သိရသည်။

လက်ရှိ၌ MLC 2006 တွင် ပါဝင် လက်မှတ်ရေးထိုး နိုင်ရန်အတွက် ပြည်ထောင်စု ရှေ့နေချုပ်ရုံး သို့ တင်ထားပြီး ဖြစ်ကာ စီးပွားရေးရာ ကော်မတီ ပြည်ထောင်စု လွှတ်တော် တို့၏ အတည်ပြု ချက်များ ရရှိပါက ၄င်းစာချုပ်တွင် လက်မှတ်ရေးထိုး နိုင်မည် ဖြစ်ကြောင်းလည်း သိရသည်။

ကျော်လွင်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...