Social Icons

Pages

Monday, April 6, 2015

တစ်ပြေးညီတည်းသော အာဆီယံလေကြောင်း ပို့ဆောင်ရေးကဏ္ဍ အကောင်အထည် ဖော်ရန် စီစဉ်


ရန်ကုန် ၊ ၆-၄-၂ဝ၁၅

အာဆီယံ အဖွဲ့ဝင် နိုင်ငံများ အားလုံး ပူးပေါင်း၍ တစ်ပြေးညီ တည်းသော အာဆီယံ လေကြောင်း ပို့ဆောင်ရေး ကဏ္ဍကို အကောင်အထည် ဖော်ရန် အာဆီယံ နိုင်ငံများမှ သက်ဆိုင်ရာတာဝန်ရှိသူများ အချင်းချင်း စတင်ညှိနှိုင်း ဆောင်ရွက် နေပြီဖြစ်ကြောင်း ပြည်တွင်းရှိ လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါ တစ်ပြေးညီ တည်းသော အာဆီယံ လေကြောင်း ပို့ဆောင်ရေး ကဏ္ဍကို အကောင် အထည်ဖော် ဆောင်ရွက်နိုင် ပါက အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံမှ ထုတ်ပေးသော လေယာဉ်မှူး လိုင်စင်များ၊ လေကြောင်း သယ်ယူ ပို့ဆောင်ရေး လုပ်ကိုင် ဆောင်ရွက် ခွင့် ထောက်ခံချက် လက်မှတ် (AOC) များနှင့် တခြားသော လေကြောင်း လုပ်ငန်းပိုင်း ဆိုင်ရာ အသိအမှတ်ပြု လက်မှတ်များကို တခြား အဖွဲ့ဝင် နိုင်ငံများက ထပ်မံ စစ်ဆေးခြင်း မပြုလုပ်ဘဲ အသိအမှတ်ပြု သွားမည် ဖြစ်သည်။

လက်ရှိတွင် ဒေသတွင်း၌ လေကြောင်း လုပ်ငန်းနှင့် ပတ်သက်သော လိုင်စင်များနှင့် အသိအမှတ်ပြု လက်မှတ်များကို ထုတ်ပေးရာ တွင် တစ်နိုင်ငံနှင့် တစ်နိုင်ငံ အကြား လုပ်ထုံး လုပ်နည်းများ၊ စံချိန်စံညွှန်းများ အနည်းငယ် ကွဲပြား ခြားနားချက်များ ရှိနေခြင်းကြောင့် ထပ်မံစစ်ဆေး စမ်းသပ်ပြီးမှ မူလ လိုင်စင်များ၊ ထောက်ခံချက် လက်မှတ်များကို တခြား တစ်နိုင်ငံမှ အသိအမှတ်ပြု လက်ခံခြင်း၊ ထောက်ခံချက် အသစ် ထုတ်ပေးခြင်း တို့ကို လုပ်ဆောင်လျက် ရှိသည်။

တစ်ပြေးညီ တည်းသော အာဆီယံ လေကြောင်း ပို့ဆောင်ရေး ကဏ္ဍကို အကောင် အထည်ဖော် ဆောင်ရွက် လာနိုင်သော အခါ အာဆီယံနိုင်ငံ များရှိ လေကြောင်းလိုင်း များအားလုံး အနေဖြင့် တညီတညွတ် တည်း အကျိုး ခံစားခွင့်ကို ရရှိကြမည် ဖြစ်ပြီး လက်ရှိတွင် မြန်မာနိုင်ငံ၌ ပြည်တွင်း လေကြောင်းလိုင်း ၁ဝ ခုနှင့် တခြား နိုင်ငံများမှ ဝင်ထွက် ပျံသန်းနေသော ပြည်ပ လေကြောင်းလိုင်း ၂၄ ခုခန့် ရှိကြောင်း သိရသည်။

ဆောင်းဦး

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...