Social Icons

Pages

Tuesday, March 3, 2015

နယ်နိမိတ်မှတ်တိုင် အမှတ် ၊ ၁၁၈ အနီးရှိ ပွိုင့်- ၁၇၈၉ တောင်ကုန်းအား တိုက်ခိုက်သိမ်းပိုက်



နေပြည်တော် ၊ ၃-၃-၂၀၁၅

လောက်ကိုင်ဒေသ လုံခြုံရေး၊ တည်ငြိမ်ရေးနှင့် တရားဥပဒေ စိုးမိုးရေး အတွက် တပ်မတော် စစ်ကြောင်းများက နယ်မြေ ရှင်းလင်းခြင်း များကို စွန့်လွှတ်စွန့်စား စိတ်ဖြင့် ဆောင်ရွက်လျက် ရှိရာ ယမန်နေ့ ညနေပိုင်းတွင် နယ်နိမိတ် မှတ်တိုင်အမှတ်၊ ၁၁၈ အနီးရှိ ပွိုင့်- ၁၇၈၉ တောင်ကုန်းအား တိုက်ခိုက် သိမ်းပိုက် နိုင်ခဲ့သည်။
.
တာရွှေထန်မှ မီတာ(၃ဝဝဝ) ခန့်နှင့် နှစ်နိုင်ငံ နယ်နိမိတ်မျဉ်း မှ မီတာ(၆ဝဝဝ) ခန့် အကွာအဝေး တွင်ရှိသော ကြွယ်ပါးရွာ အနီး တောင်ကုန်းများတွင် အခြေပြု၍ အခိုင်အမာ ခံစစ် ယူထားသော ကိုးကန့် သောင်းကျန်းသူ အင်အားစု များအား တပ်မတော် စစ်ကြောင်း များက ယမန်နေ့ နံနက်ပိုင်းမှ စတင်၍ ခြေလျင်အကူပစ် လက်နက်ကြီး များကို ဟန်ချက်ညီ စနစ်တကျ အသုံးပြုကာ တရစပ် ထိုးစစ်ဆင် တိုက်ခိုက် ချေမှုန်းခဲ့ရာ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။
.
တပ်မတော်၏ ဟန်ချက်ညီသော ပြင်းထန်သည့် ထိုးစစ် အဟုန်ကြောင့် သောင်းကျန်းသူများ အနေဖြင့် ကြာရှည်စွာ ခုခံတိုက်ခိုက် နိုင်ခြင်းမရှိဘဲ ဆုတ်ခွာလျက် ရှိရာ ကြွယ်ပါးရွာ အနီးတစ်ဝိုက် တောင်ကုန်းများအား အဆင့်ဆင့် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး ညနေပိုင်းတွင် နယ်နိမိတ် မှတ်တိုင် အမှတ်၊ ၁၁၈နှင့် မီတာ(၁၅ဝဝ) ခန့်အကွာရှိ ၄င်းဒေသ တစ်ဝိုက်အား စိုးမိုးထားသည့် စစ်ဗျူဟာအရ အရေးကြီးသော ပွိုင့်-၁၇၈၉ တောင်ကုန်းအား သိမ်းပိုက် ရရှိခဲ့သည်။
.
ကိုးကန့် သောင်းကျန်းသူများ အနေဖြင့် နယ်နိမိတ် မှတ်တိုင် အမှတ်၊ ၁၁၈ ဘက်သို့ ဆုတ်ခွာ ထွက်ပြေးလျက် ရှိပြီး တပ်မတော် စစ်ကြောင်းများက လိုက်လံ ရှင်းလင်းလျက် ရှိသည်။ ယမန်နေ့ တိုက်ပွဲ ဖြစ်ပွားသော ပွိုင့်- ၁၇၈၉ တောင်ကုန်း တစ်ဝိုက်သည် တောတောင် ထူထပ်၍ ခံစစ် ဆင်သူအတွက် အခြေအနေ ဖန်တီးနိုင်ခွင့် ရှိပြီး မြေအနေအထား အရ အရေးသာ သော်လည်း တပ်မတော် ၏ စနစ်တကျ စုဖွဲ့ကာ ခြေလျင် အကူ လက်နက်ကြီး များဖြင့် ဟန်ချက်ညီ ထိုးစစ်ဆင်မှု ကြောင့်သာ ခက်ခဲမှု ကြားမှ အောင်မြင်စွာ သိမ်းပိုက် နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
အထက်ပါ ဖြစ်စဉ်တွင် ကိုးကန့် သောင်းကျန်းသူ များထံမှ အလောင်း ငါးလောင်း ၊ လက်နက်ငယ် မျိုးစုံ ခုနစ်လက် သိမ်းဆည်းရရှိ ခဲ့ပြီး တပ်မတော် မှ စစ်သည် သုံးဦး နိုင်ငံတော် အတွက် အသက်ပေးလှူး ခဲ့၍ အရာရှိ ၊ စစ်သည် ၁၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ ထိခိုက် ဒဏ်ရာ ရရှိခဲ့သော အရာရှိ ၊ စစ်သည် များအား ဆေးကုသမှု ခံယူနိုင်ရေး တပ်မတော် ဆေးရုံများသို့ ပို့ဆောင်လျက် ရှိကြောင်း သိရှိရသည်။
.
#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...