Social Icons

Pages

Sunday, December 7, 2014

မြန်မာအလှမယ် ဟန်သီ Miss Internet ဆုနှင့် Miss Supranational Asia & Oceania ဆုများ ဆွတ်ခူးရရှိ



ရန်ကုန် ၊ ၇-၁၂-၂၀၁၄

ဆဋ္ဌမ အကြိမ်မြောက် ကျင်းပသည့် Miss Supranational 2014 ပြိုင်ပွဲ၏ နောက်ဆုံးအဆင့် ပြိုင်ပွဲကို ပိုလန်နိုင်ငံ၌ ယမန်နေ့က ကျင်းပခဲ့ရာ မြန်မာအလှမယ် ဟန်သီ သည် ထိပ်ဆုံး ၁ဝ ဦးစာရင်းဝင်ခဲ့ပြီး Miss Internet ဆုနှင့် Miss Supranational Asia & Oceania ဆုများ ဆွတ်ခူးခဲ့သည်။

Miss Supranational 2014 ၂ဝ၁၄ သရဖူကို အိန္ဒိယ အလှမယ် Asha Bhat က ဆွတ်ခူး ရရှိခဲ့ပြီး ဒုတိယဆုကို ထိုင်းအလှမယ် Pla Disramdong ၊ တတိယဆုကို ဂါဘွန်အလှမယ် Maggaly Nguema ၊ စတုတ္ထဆုကို အမေရိကန် အလှမယ် Allyn Rose ၊ ပဉ္စမဆုကို အိမ်ရှင် ပိုလန်အလှမယ် Kasia Krzeszowska တို့က အသီးသီး ရရှိခဲ့ကြသည်။

ထို့ပြင် သီးခြားချီးမြှင့်သော

Miss Supranational Europe ဆုကို ချက်အလှမယ် Jana Zapletalova 
Miss Supranational Asia & Oceania ဆုကို မြန်မာအလှမယ် ဟန်သီ
Miss Supranational Africa ဆုကို အက်ကွာတိုရီရယ် အလှမယ် Maria Begona Andeme ၊ 
Miss Supranational Americas ဆုကို ပေါ်တိုရီကို အလှမယ် Barbara Marrero 
တို့ကရရှိခဲ့ကြသည်။

အထူးဆုများအဖြစ်

Miss Congeniality ဆုကို ကနေဒါ အလှမယ်
Miss Photogenic ဆုကို ဒိန်းမတ်အလှမယ် 
Miss Bikini ဆုကို ဆွီဒင်အလှမယ် 
Best Smile ဆုကို မလေးရှား အလှမယ်
Miss Elegance ဆုကို အင်္ဂလန် အလှမယ်၊ 
Miss Internet ဆုကို မြန်မာအလှမယ် နှင့်
Top Model ဆုကို တရုတ် အလှမယ်တို့ 
ဆွတ်ခူး ရရှိခဲ့ကြောင်း သိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...