Social Icons

Pages

Sunday, December 7, 2014

ကမ္ဘာလှည့် ခရီးသွားများကို ဆွဲဆောင်နိုင်ရန် မြိတ်ကျွန်းစုအတွင်း အပန်းဖြေစခန်း နှစ်ခု တည်ဆောက်ရန် စီစဉ်


မြိတ်ကျွန်းစု အတွင်းရှိ ကျွန်းများကို တွေ့ရစဉ်

မြိတ် ၊ ၇-၁၂-၂၀၁၄

ကမ္ဘာလှည့် ခရီးသွားများကို ဆွဲဆောင်နိုင်ရန် မြိတ်ကျွန်းစု အတွင်း အပန်းဖြေ စခန်းနှစ်ခု တည်ဆောက်ရန် မြန်မာနိုင်ငံရ င်းနှီးမြုပ်နှံမှု ကော်မရှင်ထံ သို့ တင်ပြသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ အပန်းဖြေ စခန်းများကို မြိတ်ကျွန်းစု၊ ကျွန်းစုမြို့နယ် အတွင်းရှိ ကွမ်းသီးကျွန်း နှင့် စောမွန်လှကျွန်း တို့၌ တည်ဆောက်ရန် မြိတ်အများပိုင် ကုမ္ပဏီက စီစဉ်လျက် ရှိပြီး သဘာဝရှုခင်း ကောင်းမွန်၍ ရေအောက် သန္တာကျောက်တန်းများ ကြည့်ရှုရန် အဆင်ပြေသည့် ကမ်းခြေများ ပါဝင်တည်ရှိ နေခြင်းကြောင့် အဆိုပါ ကျွန်းများကို ရွေးချယ်ရခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ခေတ်မီ အပန်းဖြေ စခန်းများတွင် လုံးချင်း တည်းခိုခန်းများ အပါအဝင် ဘန်ဂလို များ၊ ရေကူးကန်များ၊ စားသောက်ဆိုင်များ နှင့် ဆိပ်ခံတံတား များကို တည်ဆောက် သွားမည်ဖြစ်ပြီး အပန်းဖြေ စခန်း တည်ဆောက် မည့် စီမံကိန်း အနီးတွင် မုန်တိုင်းဒဏ်ခံ အဆောက်အအုံ များကိုပါ ထည့်သွင်း တည်ဆောက် သွားမည် ဖြစ်ကြောင်း သိရသည်။

တနင်္သာရီတိုင်း ဒေသကြီး အတွင်းရှိ ကျွန်းများ၌ ဟိုတယ်လုပ်ငန်း များနှင့် ပတ်သက်၍ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အပါအဝင် ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင်များ၊ ကုမ္ပဏီများက နိုင်ငံတကာ အဆင့်မီ ကျွန်း ဟိုတယ်များ တည်ဆောက် လုပ်ကိုင်ခွင့် ပြုရန် လျှောက်ထားသော ကုမ္ပဏီ ၁၆ ခုရှိကြောင်း သိရသည်။

အဆိုပါ လျှောက်ထားမှု များမှ ကျွန်းဖီလာကျွန်း ၌ Mokan International ကုမ္ပဏီ တစ်ခုတည်း ကိုသာ ခွင့်ပြုချက် ပေးထားပြီး ကျန် ဧရိယာများကို ဂေဟစနစ် ပျက်စီးမှု မရှိစေရေး ကာကွယ်တော အဖြစ် ထိန်းသိမ်းရန် ဧရိယာ ဧက ၅ဝဝဝ ကျော်ကို ကုမ္ပဏီနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ အကြား မြေငှားရမ်းခြင်း နှင့် လုပ်ငန်း လုပ်ကိုင်ခွင့် သဘောတူ စာချုပ်ချုပ်ဆို ထားကာ ကျန်ကျွန်းများ အတွက် ခွင့်ပြုချက် တောင်းခံ ထားကြောင်း သိရသည်။(၄၄၇)

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...