Social Icons

Pages

Thursday, December 4, 2014

ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ ရွေးကောက်ပွဲ အတွက် မြို့နယ်ပေါင်း ၃၂ မြို့နယ်တွင် ပြည်သူ ၄၁၀၀၀၀ ကျော် မဲပေးကြမည်


ရန်ကုန် ၊ ၄-၁၂-၂၀၁၄

ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ ရွေးကောက်ပွဲ အတွက် မြို့နယ်ပေါင်း ၃၂ မြို့နယ်တွင် မဲရုံပေါင်း ၁ဝ၈၆ ရုံဖွင့်လှစ်ကာ ပြည်သူ ၄၁ဝဝဝဝ ကျော် မဲပေးကြမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ ရွေးကောက်ပွဲ ကော်မရှင်မှ သိရသည်။

အဆိုပါ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ ရွေးကောက်ပွဲ များကို ဒီဇင်ဘာ ၂၇ ရက်တွင် ပြုလုပ်မည် ဖြစ်ကာ မဲပေးရန်အတွက် မဲပေးပုံ အဆင့်ဆင့် သရုပ်ပြခြင်းကို နိုဝင်ဘာ ၃ဝ ရက်က မြို့တော်ခန်းမ ၌ ပြုလုပ်ခဲ့ပြီး ဖြစ်ကြောင်း လည်း သိရသည်။ မဲပေးကြမည့် ပြည်သူများ အနေဖြင့် အဆိုပါ မဲပေးပုံ အဆင့်ဆင့်ကို ကျယ်ကျယ် ပြန့်ပြန့် သိရှိစေရန် အတွက် သရုပ်ပြပွဲ သို့ တက်ရောက် ခဲ့ကြသည့် မြို့တော် ကော်မရှင် အဖွဲ့များ၊ ခရိုင်၊ မြို့နယ် ကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ ခရိုင်မြို့နယ် စိစစ် ရွေးချယ်ရေး အဖွဲ့ဝင်များမှ တစ်ဆင့် သက်ဆိုင်ရာ မြို့နယ် ရပ်ကွက်များ အတွင်း ပြန်လည် ဖြန့်ဝေ ဆောင်ရွက် ပေးမည် ဖြစ်ကြောင်း သိရသည်။

မဲပေးသူ ပြည်သူ တစ်ဦးသည် ကိုယ်စားလှယ် ခုနစ်ဦးအတွက် မဲပေးရွေးချယ် ရမည်ဖြစ်ပြီး မဲစာရင်း အနိုင်အရှုံးကို ၄၈ နာရီအတွင်း ထုတ်ပြန် ကြေညာ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ နှစ်ပေါင်း ၆ဝ ကျာ်ကြာ မပြုလုပ်ဖြစ်ခဲ့သည့် ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ ရွေးကောက်ပွဲ များကို ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲ အတွက် စံနမူနာ အနေဖြင့် ပြုလုပ်သွားမည် ဖြစ်ပြီး ရွေးကောက်ပွဲတွင် အနိုင်ရရှိမည့် ကိုယ်စားလှယ် များ၏ တာဝန် ထမ်းဆောင်ရမည့် သက်တမ်း သည်လည်း အစိုးရ သက်တမ်းနှင့် အတူတူ ဖြစ်သည့်အတွက် တစ်နှစ်ကျော်သာ တာဝန် ထမ်းဆောင် ရမည်ဟုလည်း သိရသည်။(၄၄၃)

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...