Social Icons

Pages

Friday, December 5, 2014

နယ်စပ်ကုန်သွယ်ရေး စခန်းမှ မြန်မာ့ သီဟိုဠ်စေ့ တန်ချိန် ၁၅၃ တန် တင်ပို့နိုင်ခဲ့



ရန်ကုန် ၊ ၅-၁၂-၂၀၁၄

မြန်မာ့ သီဟိုဠ်စေ့ များကို ပြည်ပ ဈေးကွက် များမှ အကြိုက်တွေ့ကာ ဝယ်ယူမှု များပြား နေသဖြင့် ၂ဝ၁၄- ၂ဝ၁၅ ဘဏ္ဍာနှစ်တွင် ဧပြီလမှ အောက်တိုဘာလ အထိ ခြောက်လတာ ကာလအတွင်း အမေရိကန် ဒေါ်လာ ၁ ဒသမ ၁၆၂ သန်း တန်ဖိုးရှိ သီဟိုဠ်စေ့ တန်ချိန် ၁၅၃ တန်ကို ကော့သောင်း နယ်စပ် ကုန်သွယ်ရေး စခန်းမှ တင်ပို့ခဲ့ကြောင်း စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ၏ စာရင်းများအရ သိရသည်။

၂ဝ၁၄- ၂ဝ၁၅ ဘဏ္ဍာနှစ် အတွင်း ကော့သောင်း နယ်စပ် ကုန်သွယ်ရေး စခန်းမှ တင်ပို့ရာ၌ ဧပြီလတွင် ၃၂ ဒသမ ၈တန် တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ သုည ဒသမ ၂၄၉ သန်း၊ မေလတွင် ၁၂ ဒသမ ၈ တန် တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ သုည ဒသမ ဝ၉၇ သန်း၊ ဇွန်လတွင် ၁၆ ဒသမ ၅ တန် တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ သုည ဒသမ ၁၂၅ သန်း၊ ဇူလိုင်လတွင် ၁၃ ဒသမ ၃၂ တန် တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ သုည ဒသမ ၁ဝ၁ သန်း၊ သြဂုတ်လ တွင် ၃၅ ဒသမ ၁၈ တန် တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ သုည ဒသမ ၂၆၇ သန်း၊ စက်တင်ဘာလ တွင် ၃၃ ဒသမ ၄၂ တန် တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ သုည ဒသမ၂၅၄ သန်း၊ အောက်တိုဘာလ တွင် ၉ ဒသမ ၁ တန် တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ သုည ဒသမ ဝ၆၉ သန်း စုစုပေါင်း ကော့သောင်း နယ်စပ်ကုန်သွယ်ရေး စခန်းမှ မြန်မာ့ သီဟိုဠ်စေ့ ၁၅၃ ဒသမ ၁၂ တန် တင်ပို့ပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

သီဟိုဠ်ပင်သည် အပူချိန်ကို နှစ်သက်သည့် နှစ်ရှည်ပင်မျိုး ဖြစ်သည်။ မည်သည့် မြေအမျိုးအစား တွင်မဆို ဖြစ်ထွန်း အောင်မြင် နိုင်ပြီး အထူးသဖြင့် မြစ်ဝကျွန်းပေါ် ပင်လယ် ကမ်းခြေဒေသ ကုန်းတွင်းပိုင်း နေရာဒေသများတွင် ပိုမို ဖြစ်ထွန်း အောင်မြင် နိုင်သည်။

သီဟိုဠ်စေ့ များကို တရုတ်၊ စင်ကာပူ၊ ထိုင်း နှင့် အိန္ဒိယနိုင်ငံ တို့သို့ တင်ပို့ ရောင်းချလျက် ရှိသည်။ သီဟိုဠ်ပင် များမှာ ဖေဖော်ဝါရီ လလယ်ခန့်တွင် စတင် အသီးသီး ကြပြီး ဧပြီလတွင် အသီးလှိုင်လှိုင် ပေါ်သည်။ ယခုအခါသီဟိုဠ်စေ့ များမှာ ပြည်ပဈေးကွက် အဝယ်သွက် နေသည့်အပြင် မကြာမီ နှစ်လခန့် အချိန်တွင် သီဟိုဠ်ရာသီ သို့ ရောက်ရှိ လာတော့မည် ဖြစ်ကြောင်း သိရသည်။

ရွှေဒုံသား

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...