Social Icons

Pages

Friday, June 13, 2014

၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလား ဖွင့်ပွဲအခမ်းအနား အရောင်အသွေးစုံလင်စွာ ကျင်းပ



ဆော်ပေါ်လို ၊ ၁၃-၆-၂၀၁၄

၂ဝ၁၄ခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနား ယမန်နေ့က ဘရာဇီးနိုင်ငံ မြို့တော်ဆော်ပေါ်လို ရှိ Arena de Sao Paulo ဘောလုံးကွင်းတွင် အရောင်အသွေး စုံလင်စွာဖြင့် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကချေသည် ၆၆ဝ ခန့်က ဘရာဇီးနိုင်ငံ၏ သဘာဝအလှ၊ လူမျိုးစုများ၏ ယဉ်ကျေးမှု၊ ဘောလုံး၏ အနှစ်သာရကို ထူးကဲစွာ သရုပ်ဖော်တင်ဆက်ခဲ့ရာ ၆ မီတာမြင့်သော LED ဘောလုံးကြီးကို ဝန်းရံလျက် အမေဇုန် တောအုပ်နှင့် အမေဇုန်မြစ်ကို ကိုယ်စားပြုသော တောတောင် ရေမြေ သဘာဝ သရုပ်ဖော်တင်ဆက်မှု ကိုလည်းကောင်း၊ လူမျိုးစု ယဉ်ကျေးမှုကို ထင်ဟပ် ပေါ်လွင် စေသော ကျွမ်းဘားအက နှင့် ဘရာဇီးရိုးရာ ကိုယ်ခံပညာ ပြကွက်များကို လည်းကောင်း၊ လူသား ဘောလုံးများဖြင့် ဘောလုံး၏ အနှစ်သာရကို တင်ဆက် ပြသခြင်းဖြင့် လည်းကောင်း ရင်သပ်ရှုမောဖွယ်ရာ ဖျော်ဖြေ တင်ဆက် ခဲ့ကြောင်း သိရသည်။





ယဉ်ကျေးမှု ပြကွက်များ ပြီးဆုံးပြီးနောက် ကွင်းလယ်တွင် ခံ့ညားစွာ တည်ရှိနေသော LED ဘောလုံးကြီးမှာ ပန်းပွင့်သဏ္ဍာန် ပွင့်ဟလာပြီး အလယ်ကောင်မှ ဖျော်ဖြေရေး စင်မြင့်ကြီး ထွက်ပေါ်လာကာ ဘရာဇီးနိုင်ငံ၏ အထင်ရှားဆုံး အဆိုတော်မလေး ကလိုဒီယာလက်တီ က လှပသော ဝတ်စုံ အပြာရောင် ဝတ်ဆင်လျက် ၂ဝ၁၄ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ဂုဏ်ပြု တေးသီချင်းကို စတင် သီဆိုလိုက်ရာ ထောင်သောင်း ချီသော ပရိသတ် များက တစ်ခဲနက် သြဘာပေး ခဲ့ကြပြီး လူဦးရေ ၆၆ဝ ခန့်ရှိသော ကချေသည် များကလည်း ဝိုင်းဖွဲ့ ကခုန်ခဲ့ ကြသည်။ ဖွင့်ပွဲ ကျင်းပရာ Arena de Sao Paulo ဘောလုံးကွင်း၏ ပွဲကြည့်ထိုင်ခုံ ၆၅ဝဝဝ လုံးမှာ ပြည့်နှက် နေခဲ့ကြောင်း သိရသည်။

၂ဝ၁၄ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနား ဖျော်ဖြေပွဲမှ နုတ်ထွက်လိုက်ပြီဟု တရားဝင် ကြေညာခဲ့သည့် အဆိုတော် ဂျနီဖာလိုပက်ဇ် က အဆိုတော် ပစ်ဘူး နှင့်တွဲလျက် စင်မြင့်ထက်သို့ ပေါ်လာချိန်၌ ပရိသတ်များ၏ အားပေးသံမှာ အဆုံးစွန်အထိ ကျယ်လောင် သွားပြီး မြစိမ်းရောင် ဝတ်ဆင်ထားသော ဂျေလို နှင့် စိုတောက်သော အပြာရောင် ဝတ်ဆင် ထားသည့် ကလိုဒီယာ တို့က ပစ်ဘူးကို အလယ်တွင် ထားကာ လှပ မြူးကြွသော အကဖြင့် ၂ဝ၁၄ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ဂုဏ်ပြု တေးသီချင်း We Are One ဖြင့် သီဆို ဖျော်ဖြေ ခဲ့ကြောင်း သိရသည်။




၂ဝ၁၄ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကို တစ်လခန့် ကြာမြင့်အောင် ကျင်းပ သွားမည်ဖြစ်ပြီး ပြိုင်ပွဲဝင် နိုင်ငံ ၃၂ နိုင်ငံတို့မှ ပြိုင်ပွဲပေါင်း ၆၄ ပွဲဖြင့် ယှဉ်ပြိုင် ကစားသွားမည် ဖြစ်ပြီး ကမ္ဘာ့ဖလား ပွဲစဉ် သမိုင်းတွင် ဖွင့်ပွဲနေ့၌ အိမ်ရှင်နိုင်ငံ အသင်းက ပြိုင်ဘက်နိုင်ငံ အသင်းကို ရှုံးနိမ့်ခဲ့သည့် အစဉ်အလာ မရှိကြောင်း သိရသည်။

ဘရာဇီးနိုင်ငံ သည် ၂ဝ၁၄ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကို ပြည်သူလူထု ဆန့်ကျင် ကန့်ကွက် နေသည့်ကြားမှ ကျင်းပရခြင်း ဖြစ်ပြီး ဖွင့်ပွဲ အခမ်းအနား မတိုင်မီမှာပင် ဆန္ဒပြ သူများက ဆန္ဒပြ ခဲ့ကြသဖြင့် ရဲတပ်ဖွဲ့နှင့် ရုန်းရင်း ဆန်ခတ် ဖြစ်ခဲ့သေးကြောင်း သိရသည်။

၂ဝ၁၄ ခုနှစ် ဘရာဇီး ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနား ကို ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် မာကယ်၊ ရုရှားသမ္မတ ပူတင်၊ အီတလီနိုင်ငံ ဝန်ကြီးချုပ်ဟောင်း ဘာလူစကိုနီ အပါအဝင် နိုင်ငံ အသီးသီးမှ နိုင်ငံ့ ခေါင်းဆောင် ၄ဝဝ ဦးကျော် တက်ရောက် ခဲ့ကြောင်း သိရသည်။ နိုင်ငံ ခေါင်းဆောင်များ အပြင် နိုင်ငံ အသီးသီး၏ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် နာယကများ တက်ရောက် ခဲ့ကြရာ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် နာယက ဒေါက်တာ စိုင်းဆမ်ထွန်း၊ ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် အဖွဲ့ အပါအဝင် စုစုပေါင်း လူဦးရေ ၈ဝဝ ကျော် တက်ရောက် ခဲ့ကြောင်း သိရသည်။

၂ဝ၁၄ ခုနှစ် ဘရာဇီး ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ကမ္ဘာ တစ်ဝန်းမှ ပရိသတ် တစ်ဘီလီယံခန့် ကြည့်ရှု ကြပြီးအချို့ ပရိသတ် များက အွန်လိုင်းမှ တစ်ဆင့် ကြည့်ရှုမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

၂ဝ၁၄ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနား၏ နည်းပညာပိုင်းကို အမေရိကန်နိုင်ငံ မှ အဓိက ပံ့ပိုးကူညီ ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

၂ဝ၁၄ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားတွင် မြန်မာနိုင်ငံ ပြည်တွင်း မီဒီယာ ကုမ္ပဏီတစ်ခု ဖြစ်သည့် ADMA ကုမ္ပဏီက ဦးစီးပြီး မြန်မာနိုင်ငံ၏ Hip Hop အဆိုတော်များ ဖြစ်သည့် လွှမ်းပိုင်၊ Boby Soxer ၊ ကျော်ထွဋ်ဆွေ၊ နန်းသူဇာ တို့သည်လည်း သွားရောက် ကြည့်ရှု လေ့လာမှု ပြုလုပ်ခဲ့ပြီး မြန်မာ နိုင်ငံအတွင်း၌ ဘရာဇီး ကမ္ဘာ့ဖလား ဖွင့်ပွဲ အစီအစဉ်ကို အနီးကပ် လေ့လာနိုင်ရန် ရုပ်သံ အစီအစဉ် ဇာတ်လမ်း တစ်ခု ရိုက်ကူးမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...