Social Icons

Pages

Tuesday, July 9, 2013

အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ လှုံ့ဆော်မှု ပြဇာတ် နှင့် နှစ်ပါးသဘင် ဖျော်ဖြေတင်ဆက်မည်


ရန်ကုန် ၊ ၉-၇-၂၀၁၃

၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲအတွက် လှုံ့ဆော်မှု ဖျော်ဖြေရေး ပွဲကြီးအဖြစ် " မြန်မာ ဒို့ မြန်မာ " ပြဇာတ် နှင့် နှစ်ပါးသွား ဇာတ်သဘင် ပွဲကြီးကို နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်း ခန်းမဆောင် ၌ ဇူလိုင်လ ၁၃ ရက် ညနေ ၇ နာရီ အချိန်မှ စတင်ကာ ဖျော်ဖြေ တင်ဆက် သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ " မြန်မာ ဒို့ မြန်မာ " ပြဇာတ်ကို ဒါရိုက်တာ မီးပွား က စီစဉ် ညွှန်ကြား တင်ဆက် သွားမည် ဖြစ်ပြီး ရုပ်ရှင် နှင့် ဗီဒီယို သရုပ်ဆောင်များ ဖြစ်ကြသော ဝေဠုကျော် ၊ ဖြိုးငွေစိုး ၊ ထွန်းထွန်း ၊ မြင့်မြတ် ၊ မိုးအောင်ရင် ၊ ချစ်စနိုးဦး ၊ ခင်လေးနွယ် ၊ အိချောပို ၊ ယုသန္တာတင် ၊ ရွှေမှုံရတီ ၊ ဆုမြတ်နိုးဦး ၊ သွန်းဆက် ၊ Five Stars အဖွဲ့ နှင့် ဟားတစ်သိုက် အဖွဲ့ တို့က ပါဝင် သရုပ်ဆောင် ကာ ဖျော်ဖြေ တင်ဆက် သွားကြမည် ဖြစ်သည်။ ထို့အပြင် တေးဂီတ ဖျော်ဖြေပွဲတွင် မိုးယံဇွန် ၊ နေဒွေး ၊ နန်းမြတ်ဖြိုးသင်း ၊ စုနန္ဒာအောင် နှင့် ခင်ရူပ တို့က ခေတ်ပေါ် တေးဂီတ များဖြင့် သီဆို ဖျော်ဖြေ သွားကြမည် ဖြစ်သကဲ့သို့ နှစ်ပါးသွား သဘင် ကပွဲတွင်လည်း တင်မောင်ဆန်း မင်းဝင်း ၊ ထွန်းထွန်း နှင့် အနုပညာရှင် များစွာတို့ ပါဝင် ကပြ ကြမည် ဖြစ်သည်။


အဆိုပါ အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ လှုံ့ဆော်မှု ဖျော်ဖြေပွဲ ဖြစ်မြောက်ရေး အတွက် Bo Bo Entertainment , ADMA Media Co., Ltd နှင့် Royal Golden Owls တို့က စီမံ ဆောင်ရွက် ကြမည် ဖြစ်ပြီး Daw Win Garment Center နှင့် Best Auto တို့ကလည်း ၀ိုင်းဝန်း ပံ့ပိုး ကူညီ သွားကြမည့် အပြင် ရုပ်/သံ ရိုက်ကူးရေး ၊ ထုတ်လွှင့်ရေး အပိုင်းတို့နှင့် ပတ်သက်၍ Shwe FM နှင့် SKY Net တို့က တာဝန်ယူ ဆောင်ရွက် ကြမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...