Social Icons

Pages

Tuesday, July 9, 2013

Tourist Maps of Myanmar ( TMM-32) အခမဲ့ ထပ်မံဖြန့်ချိ



ရန်ကုန် ၊ ၉-၇-၂၀၁၃

ဟိုတယ် နှင့် ခရီးသွားလာရေး ၀န်ကြီးဌာန ၏ လမ်းညွှန်မှုဖြင့် Design Printing Service Co., Ltd ( D.P.S ) သည် မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေး အတွက် Tourist Guide Map အမျိုးမျိုး တို့ကို ၁၉၉၅ ခုနှစ်မှ စတင်ပြီး လုပ်ငန်းရှင် များ၏ အကူအညီ ဖြင့် ထုတ်ဝေလျက် ရှိရာ ယခုထိ စောင်ရေ ၂၀ သိန်း ၄ သောင်း စီစဉ် ပုံနှိပ် ဖြန့်ချိပြီး ဖြစ်သည်။ ယခုအခါတွင် ပြည်တွင်း ခရီးသွား ဧည့်သည်များ အဆင်မြေ ချောမွေ့စွာ သွားလာနိုင်ရန် Tourist Maps of Myanmar (TMM-32) ကို အခမဲ့ ထပ်မံ ဖြန့်ချိ နေပြီ ဖြစ်ကြောင်း သိရသည်။

Tourist Maps of Myanmar (TMM-32) တွင် မြန်မာနိုင်ငံ အသေးစိတ် မြေပုံ ၊ ရန်ကုန် တစ်မြို့လုံး မြေပုံ ၊ မန္တလေး မြေပုံ ၊ ပြင်ဦးလွင် မြေပုံ ၊ ပုဂံ မြေပုံ ၊ တောင်ကြီး အသေးစိတ် မြေပုံ ၊ အင်လေး မြေပုံ ၊ ကျိုက်ထီးရိုး မြေပုံ ၊ မြိတ် မြေပုံ ၊ ငပလီ မြေပုံ ၊ ငွေဆောင် မြေပုံ နှင့် ချောင်းသာ မြေပုံ တို့ကို မွမ်းမံ ထည့်သွင်း ထားသည်။ နိုင်ငံခြား ခရီးသွား များသာမက မြန်မာ နိုင်ငံသား များအနေဖြင့် အဆိုပါ ခရီးသွား လမ်းညွှန် မြေပုံများ ၏ အကူအညီဖြင့် မြန်မာနိုင်ငံ အတွင်းရှိ စိတ်ဝင်စား ဖွယ်ရာ နေရာများသို့ အချိန်ကုန် သက်သာစွာဖြင့် လေ့လာ နိုင်မည် ဖြစ်သည်။


အဆိုပါ လမ်းညွှန် မြေပုံ များကို ဟိုတယ် ၊ ခရီးသွား လုပ်ငန်း နှင့် သက်ဆိုင်သော လုပ်ငန်းများ ၊ ဧည့်လမ်းညွှန် များသည် ကုမ္ပဏီ မှတ်ပုံတင် မိတ္တူ နှင့် ကိုယ်စားလှယ် လွှဲစာ ပြသ၍ မြန်မာ့ ခရီးသွား လုပ်ငန်း ( ဆူးလေ ) တွင်လည်းကောင်း ၊ Design Printing Service Co., Ltd ( D.P.S ) အမှတ် ၁၆၅- ၁၆၇ ပထမထပ် (၃၅)လမ်း ၊ ကျောက်တံတား မြို့နယ် ၊ ရန်ကုန်မြို့ ၊ ဖုန်း ၀၁- ၂၀၄၀၂၀ ၀၁- ၂၀၄၂၀၀ တို့တွင် ရုံးချိန် အတွင်း အခမဲ့ လာရောက် ထုတ်ယူ နိုင်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...