Social Icons

Pages

Showing posts with label ပြိုင်ပွဲဖွင့်ပွဲ. Show all posts
Showing posts with label ပြိုင်ပွဲဖွင့်ပွဲ. Show all posts

Tuesday, October 16, 2018

ကာကွယ်ရေးဦးစီးချုပ်(လေ) တံခွန်စိုက်ဒိုင်း သေနတ်ပစ် ပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်

ကာကွယ်ရေးဦးစီးချုပ်(လေ) တံခွန်စိုက်ဒိုင်း သေနတ်ပစ် ပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်
နေပြည်တော်  အောက်တိုဘာ  ၁၅
-
၂ဝ၁၈ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်(လေ) တံခွန်စိုက်ဒိုင်း သေနတ်ပစ်ပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် တောင်ငူတပ်နယ်ရှိ နယ်မြေခံသင်တန်းကျောင်း ခန်းမ၌ပြုလုပ်ရာ တောင်ငူလေတပ်စခန်း ဌာနချုပ်၊ ဌာနချုပ်မှူး ဗိုလ်မှူးချုပ်မြင့်သောင်းနှင့် အရာရှိ၊ စစ်သည်၊
-
မိသားစုများ၊  ဒိုင်အဖွဲ့ဝင်များ၊  ပြိုင်ပွဲဝင် အသင်းများနှင့် အားကစား ဝါသနာရှင်များ တက်ရောက်ကြသည်။ဦးစွာ ကာကွယ်ရေးဦးစီးချုပ်(လေ) ကိုယ်စား  ဌာနချုပ်မှူးက အဖွင့်အမှာစကား ပြော ကြားသည်။ ထို့နောက် တက်ရောက် လာကြသူများနှင့် အတူ ပြိုင်ပွဲ  ပထမနေ့ ယှဉ်ပြိုင် ပစ်ခတ်မှုများကို ကြည့်ရှုအားပေးကြသည်။
-
အဆိုပါ သေနတ်ပစ်ပြိုင်ပွဲကို ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ) ကွပ်ကဲမှုအောက်ရှိ လေတပ်စခန်း ဌာနချုပ်များနှင့် လေတပ်စခန်းများမှ ပြိုင်ပွဲဝင်အသင်း ကိုးသင်းဖြင့် အောက်တိုဘာ ၁၉ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ
Related Posts Plugin for WordPress, Blogger...