Social Icons

Pages

Showing posts with label ကုမ္ပဏီများဆိုင်ရာ. Show all posts
Showing posts with label ကုမ္ပဏီများဆိုင်ရာ. Show all posts

Tuesday, July 5, 2016

ဖျက်သိမ်းခံထားရသည့် ကုမ္ပဏီများ မူလအမည်ဖြင့် လုပ်ငန်းပြန်လည် လုပ်ကိုင်လိုပါက လျှောက်ထားနိုင်


မန္တလေး ၊ ၅-၇-၂၀၁၆

ဖျက်သိမ်းခံထား ရသည့် ကုမ္ပဏီများ အနေဖြင့် မူလအမည်ဖြင့် လုပ်ငန်းပြန်လည် လုပ်ကိုင်လိုပါက သက်တမ်း တိုးကြေးနှင့် ဒဏ်ငွေ ပေးဆောင်ပြီး လျှောက်ထား နိုင်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန မန္တလေးတိုင်း ဒေသကြီး ညွှန်ကြားရေးမှူး ဒေါ်နွယ်နီဦး ၏ ပြောကြားချက် အရ သိရသည်။

''ဖျက်သိမ်းခံထား ရတဲ့ ကုမ္ပဏီတွေက အသစ်ပြန်လာ လျှောက်တာမျိုး မန္တလေးမြို့ မှာတော့ မရှိသေးပါဘူး။ အချက်အလက် ပြည့်စုံရင် ကုမ္ပဏီ လိုင်စင်ကို နေ့ချင်းပြီး ဆောင်ရွက်ပေး နေပါတယ်။ သက်တမ်းတိုး မထားတဲ့ ကုမ္ပဏီတွေက စီမံကိန်း တစ်ခု လုပ်မယ် ဒါမှမဟုတ် တင်ဒါတစ်ခု လုပ်မယ်ဆိုရင် သက်ဆိုင်ရာ ဌာနတွေက ခွင့်ပြုမှာ မဟုတ်ပါဘူး။ ဖျက်သိမ်းထားတဲ့ ကုမ္ပဏီ စာရင်းတွေကို သက်ဆိုင်ရာ ဌာနတွေဆီ ပို့ထားပါတယ်။ 

သက်တမ်းတိုးဖို့ ကြေညာစဉ် က မသိလိုက်လို့ သက်တမ်း ပြန်တိုးချင်ရင် ဌာနကို ပြန်လာလျှောက် ရမှာပါ။ အဲဒီ ကုမ္ပဏီက လမ်းကြောင်းပေါ် ပြန်ရောက်ဖို့ လိုပါတယ်'' ဟု ၄င်းက ဆက်လက် ပြောသည်။

ကုမ္ပဏီတစ်ခု၏ လိုင်စင်သက်တမ်း ကို ငါးနှစ် သတ်မှတ်ထားရာ တစ်ကြိမ်သက်တမ်း လွန်ပါက လိုင်စင်ကြေး ငွေကျပ်ငါးသိန်း နှင့် ဒဏ်ငွေ ငွေကျပ် နှစ်သိန်းခွဲ စုစုပေါင်း ငွေကျပ် ခုနစ်သိန်းခွဲ ပေးသွင်းပြီး ပြန်လည် လုပ်ကိုင်နိုင်မည် ဖြစ်ကာ နှစ်ကြိမ်သက်တမ်း လွန်ပါက လိုင်စင်ကြေး ငွေကျပ် ၁ဝ သိန်းနှင့် ဒဏ်ငွေ ငွေကျပ်ငါးသိန်း စုစုပေါင်းငွေ ကျပ် ၁၅ သိန်း ပေးဆောင်ရမည် ဖြစ်သည်။

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန မန္တလေးတိုင်း ဒေသကြီးသည် ယခုနှစ် မေလမှစတင်၍ ကုမ္ပဏီ ဖွဲ့စည်းပေးခြင်းကို နေ့ချင်းပြီး ဆောင်ရွက်ပေး လျက်ရှိရာ ဇွန်လ ဒုတိယပတ် အထိ မန္တလေးတိုင်း ဒေသကြီး အတွင်း ကုမ္ပဏီ ၄၂၃ဝ ကျော် ဖွဲ့စည်းပေး ထားကြောင်း၊ အဆိုပါဌာနကို မန္တလေးမြို့၌ ၂ဝ၁၄ ခုနှစ်က စတင်ဖွင့်လှစ်၍ ဆောင်ရွက် ပေးခဲ့ရာ၂ဝ၁၄ ခုနှစ်မှ ၂ဝ၁၆ ခုနှစ် ဧပြီလ အထိ တစ်လလျှင် ကုမ္ပဏီ ၃ဝ ခန့်သာ လာရောက် လျှောက်ထားပြီး ၂ဝ၁၆ ခုနှစ် မေလတွင် ကုမ္ပဏီ ၅၄ ခု လျှောက်ထား ခဲ့ကာ ဇွန်လပထမပတ် အတွင်း ကုမ္ပဏီ၂ဝ ကျော် လာရောက် လျှောက်ထား ခဲ့ကြောင်း သိရသည်။

မြန်မာ တစ်နိုင်ငံလုံး အတိုင်းအတာ အနေဖြင့် ဖျက်သိမ်းထားသော ကုမ္ပဏီ စုစုပေါင်း ၂၇ဝဝ ရှိပြီး ထိုအထဲတွင် မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ ကုမ္ပဏီ ၁၇ဝ ကျော် ပါဝင်ကြောင်း သိရသည်။

ဘုန်းမြတ်

မြ၀တီနေ့စဉ် ၊ စာ(၅)

Monday, April 25, 2016

ဆက်သွယ်ရန် ပျက်ကွက်သော ပြည်တွင်းပြည်ပ ကုမ္ပဏီ ၁၀၀၀ ကျော်ကို မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ကာ ကုမ္ပဏီအဖြစ်မှ ဖျက်သိမ်း



ရန်ကုန် ၊ ၂၅-၄-၂၀၁၆

ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန သည် ဆက်သွယ်ရန် ပျက်ကွက်သော ပြည်တွင်းပြည်ပ ကုမ္ပဏီ ၁ဝဝဝ ကျော်ကို မှတ်ပုံတင် စာရင်းမှ ပယ်ဖျက်ကာ ကုမ္ပဏီ အဖြစ်မှ ဖျက်သိမ်း ခဲ့ကြောင်း သတင်း ထုတ်ပြန် ထားသည်။

ဧပြီ ၂၂ ရက်နေ့စွဲဖြင့် ထုတ်ပြန်သော ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၏ သတင်း ထုတ်ပြန်ချက် တွင် လာရောက် ဆက်သွယ်ရန် ပျက်ကွက် ခဲ့သည့် ပြည်တွင်းကုမ္ပဏီ ၁ဝ၉၅ ခုနှင့် ပြည်ပကုမ္ပဏီ ၂၆ဝ ကို မှတ်ပုံတင် စာရင်းမှ ပယ်ဖျက်ကာ ဖျက်သိမ်း လိုက်ကြောင်းနှင့် လာရောက် ဆက်သွယ်ရန် နောက်ဆုံး သတ်မှတ်ထားသော ရက်အထိ လာရောက် ဆက်သွယ်ခြင်း မရှိ သောကြောင့် မှတ်ပုံတင် စာရင်းမှ ပယ်ဖျက်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မှတ်ပုံတင် ထားသော ကုမ္ပဏီများ၏ ပုံမှန်စီးပွားရေး လုပ်ဆောင်မှု အခြေအနေ များကို မှတ်တမ်းတင် နိုင်ရန်အတွက် လာရောက် ဆက်သွယ်ရန် အသိပေး ခဲ့ခြင်းဖြစ်ပြီး လာရောက် ဆက်သွယ်ခြင်း မရှိသည့် ကုမ္ပဏီများသည် စီးပွားရေး လုပ်ငန်းများကို ပုံမှန် လုပ်ဆောင်ခြင်း မရှိဟု သတ်မှတ်နိုင်ဖွယ် ဖြစ်နေခြင်း ကြောင့် မှတ်ပုံတင် စာရင်းမှ ပယ်ဖျက်ခဲ့ခြင်း ဖြစ်သည်။ 

အဆိုပါ မှတ်ပုံတင် စာရင်းမှ ပယ်ဖျက်ခံခဲ့ ရသော ကုမ္ပဏီများ ထဲတွင် အများစုမှာ ခရီးသွားလုပ်ငန်း ကုမ္ပဏီများ နှင့် ကျောက်မျက် ရတနာ ထုတ်လုပ် ရောင်းချသည့် ကုမ္ပဏီများ ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနတွင် မှတ်ပုံတင် ထားသော ပြည်တွင်း ကုမ္ပဏီ အရေအတွက် ၄၃ဝဝဝ ကျော်ရှိပြီး ပြည်ပကုမ္ပဏီ အရေအတွက် ၄ဝဝဝဝ ကျော် ရှိကြောင်း သိရသည်။ (၄၄၃)

မြ၀တီနေ့စဉ် ၊ စာ(၅)
Related Posts Plugin for WordPress, Blogger...