Social Icons

Pages

Friday, February 15, 2019

RCSS/SSA အဖွဲ့က ယူဆောင်သွားသော အသုံးဆောင်ပစ္စည်းများ စုံလင်စွာ ပြန်လည်ရရှိ

RCSS/SSA  အဖွဲ့က ယူဆောင်သွားသော အသုံးဆောင်ပစ္စည်းများ စုံလင်စွာ ပြန်လည်ရရှိ
-
နေပြည်တော်၊ ဖေဖော်ဝါရီ - ၁၄ 
-
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းပျဉ်းမြို့နှင့် ကျိုင်းတုံမြို့အကြား ပြည်ထောင်စု ကားလမ်းမကြီးပေါ်တွင် ယာယီ တာဝန်အပြီးတောင်ကြီးမှ ကျိုင်းတုံသို့ပြန်လာသည့် တပ်ရင်းမှူး ၂ ဦးထံမှ အသုံးဆောင်ပစ္စည်းများကို RCSS/SSA အဖွဲ့ အင်အား ၅၀ ဦးခန့်က ဖေဖော်ဝါရီလ ၁၂ ရက် ညနေပိုင်းတွင် ယူဆောင်သွားခဲ့သဖြင့် တပ်မတော်သို့ အမြန်ဆုံးပြန်လည်ပေးအပ်ရန်အကြောင်းကြားခဲ့ပြီး အဆိုပါသတင်းကိုလည်းဖေဖော်ဝါရီလ ၁၃ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။ 
-
ထိုသို့ အသုံးဆောင်ပစ္စည်းများ အမြန်ဆုံးပြန်လည်ပေးအပ်ရန် အကြောင်းကြားခဲ့ခြင်းကြောင့် RCSS/ SSA  အဖွဲ့ တာချီလိတ်မြို့ ဆက်ဆံရေးရုံးတာဝန်ခံနှင့် အဖွဲ့ဝင်များက ဖေဖော်ဝါရီလ ၁၃ ရက် ည ၇ နာရီ ၄၅ မိနစ်တွင် မိုင်းပျဉ်းမြို့ရှိ နယ်မြေခံတပ်သို့ လာရောက်၍ ၎င်းတို့ ယူဆောင်သွားသော အသုံးဆောင် ပစ္စည်းများအားလုံးကို ပြန်လည်အပ်နှံခဲ့ကြောင်း သတင်းရရှိသည်။ 
-
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...