Social Icons

Pages

Wednesday, February 13, 2019

အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၏ မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲနှင့် ဆုပေးပွဲပြုလုပ်

အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၏ မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲနှင့် ဆုပေးပွဲပြုလုပ်
-
နေပြည်တော်  ဖေဖော်ဝါရီ  ၁၂
-
(၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၏ မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကို ယနေ့ညနေပိုင်းတွင် တိုင်းစစ်ဌာနချုပ် အားကစားကွင်း၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်ကျော်စွာလင်းနှင့် အရာရှိ၊ စစ်သည်၊ မိသားစု များ၊ ပြိုင်ပွဲဝင်အသင်းများ တက်ရောက်ကြသည်။
-
-
ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ပြိုင်ပွဲဝင်အသင်းများ၏ မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးကြသည်။ ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာဆုရရှိသောအသင်းများအား တိုင်းမှူးနှင့် တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ်သည်။ အဆိုပါမြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်း ၂၃ သင်းဖြင့် ပြုလုပ်ခဲ့ခြင်း  ဖြစ်ကြောင်းသတင်းရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...