Social Icons

Pages

Wednesday, February 13, 2019

တိုက်ပွဲရှောင် တိုင်းရင်းသား ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

တိုက်ပွဲရှောင် တိုင်းရင်းသား ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်
-
နေပြည်တော် ဖေဖော်ဝါရီ ၁၂
-
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ အမှတ်(၂)ရပ်ကွက်ရှိ အောင်ဆုပန်ဘုန်းတော်ကြီးကျောင်းနှင့် အမှတ်(၇)ရပ်ကွက်ရှိ ရွှေကျင်ကျောင်းတိုက်တို့၌ တိုက်ပွဲရှောင် ရောက်ရှိနေသောပန်လော့ကျေးရွာနှင့် နမ့်ပျဉ်းကျေးရွာတို့မှ ဒေသခံ တိုင်းရင်းသား ပြည်သူများအား အရှေ့မြောက်တိုင်း စစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါ ဘုန်းတော်ကြီး ကျောင်းများ၌ ဖေဖော်ဝါရီ ၁၁ ရက်တွင် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။
-
-
ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ဒေသခံတိုင်းရင်းသား ပြည်သူ ၂၄၂ ဦးတို့အား သွေးတိုးရောဂါ၊ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါ၊ အစာအိမ်ရောဂါ၊ မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အရိုး/အကြောရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေး ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး တိုက်ပွဲရှောင်တိုင်းရင်းသား ပြည်သူများအတွက် တိုင်းစစ်ဌာနချုပ်မှ စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...