-
နေပြည်တော် ဖေဖော်ဝါရီ ၂ဝ
-
တနင်္သာရီတိုင်းဒေသကြီး အတွင်းသို့ တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ် (သံလွင်)ဖြင့် ရောက်ရှိနေသော တပ်မတော်နယ်လှည့် အထူးကု ဆေးအဖွဲ့သည် ယနေ့တွင်ဘုတ်ပြင်းမြို့နယ်၊ကမ်းတောကျေးရွာရှိ ဒေသခံပြည်သူ ၅ဝ၅ ဦးကို အဆိုပါကျေးရွာ၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။
-
-
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသမှု ဆိုင်ရာရောဂါ ၁၂၁ ဦး၊ ခွဲစိတ်ရောဂါ ၆ဝ ဦး၊ သားဖွား/မီးယပ်ရောဂါ ၆၅ ဦး၊ ကလေးရောဂါ ၄၅ ဦး၊ အရိုးရောဂါ ၄၇ ဦး၊ နား/နှာခေါင်း/ လည်ချောင်းရောဂါ ၄၅ ဦး၊ မျက်စိရောဂါ ၆၆ ဦးနှင့်သွားရောဂါ ၅၆ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ၎င်းတို့အနက် အထွေထွေခွဲစိတ်လူနာ ၁၆ ဦး၊ မျက်စိ ခွဲစိတ်လူနာ ၁၃ ဦးတို့ကို ဆေးရုံ ရေယာဉ်ပေါ်၌ ခွဲစိတ်ကုသပေးသည်။
-
ထို့ပြင် ဓာတ်မှန်ရိုက်လူနာ ၁၄ ဦး၊ တယ် လီဗေးရှင်းဓာတ်မှန်ရိုက်လူနာ ၂၁ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၁၅ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၃၇ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ်ခြင်းများဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သူ ကိုးဦးအား ဆေးရုံရေယာဉ် ပေါ်၌ တက်ရောက်ကုသနိုင်ရေး စီစဉ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment