Social Icons

Pages

Wednesday, February 13, 2019

မြန်မာနိုင်ငံ၏ အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် နည်းပညာများ လိုအပ်နေသေး

မြန်မာနိုင်ငံ၏ အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် နည်းပညာများ လိုအပ်နေသေး
-
ရန်ကုန် ဖေဖော်ဝါရီ ၁၂ 
-
မြန်မာနိုင်ငံ၏ အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာများ လိုအပ်နေသေးကြောင်း SME Business Institute (SMEBi) CEO ဦးစိုးဟိန်း ထံမှ သိရသည်။ SMEBi သည်စက်မှုဝန်ကြီးဌာန အကူအညီဖြင့် ပြည်တွင်း SME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာမြို့များအလိုက် လုပ်ငန်းရှင်များကို ဟောပြောပွဲများ၊ သင်တန်းများ၊ နည်းပညာများ လိုက်လံမျှဝေလျက်ရှိရာ နည်းပညာပိုင်းများ ဖြစ်သည့် နိုင်ငံတကာလုပ်ငန်းရှင်များ၏ စီမံခန့်ခွဲမှုနှင့် အစီအစဉ်များ ရေးဆွဲ ဆောင်ရွက်နေသည့် အချက်များတွင် အားနည်း နေသေးကြောင်း သိရသည်။ 
-
''အဓိကက Human Resources ပိုင်းမှာ ဝန်ထမ်းတွေတော့ ရှိတယ်။ ဒါပေမဲ့ နည်းပညာပိုင်း တတ်ကျွမ်းတဲ့ ဝန်ထမ်းတွေ အားနည်းနေသေးတာ တွေ့ရတယ်။ ကျွန်တော်တို့က Human Resources နဲ့ပတ်သက်တဲ့နည်းပညာကို မျှဝေနိုင်ပေမယ့် ဈေးကွက်ကိုထိုးဖောက်ဖို့ အားနည်းနေပါတယ်။ မြေပြင်မှာပဲသွားနေတဲ့အတွက် ဈေးကွက်ပိုင်း အားနည်းတယ်''ဟု ဦးစိုးဟိန်းက ပြောသည်။ လက်ရှိတွင် ဝန်ကြီးဌာန အနေဖြင့်သင်တန်းများ ပို့ချနိုင်ရန် ခန်းမများ စီစဉ်ပေးခြင်းနှင့် နည်းပညာပိုင်းမျှဝေပေးနိုင်သည့် SME လုပ်ငန်းရှင်များကို ဖိတ်ကြားပေးခြင်း များဖြင့် ပံ့ပိုးကူညီ ပေးလျက်ရှိကြောင်း သိရသည်။ 
-
''ဝန်ကြီးဌာနက တတ်နိုင်သလောက် ပံ့ပိုးတယ်။ အဓိကက သင်တန်းတွေ ပို့ချဖို့ ဆိုတာ ခန်းမတွေ လိုအပ်တယ်။ ဟိုတယ်တွေမှာ ငှားရင် ဈေးကြီးတယ်။ ပံ့ပိုးပေးမယ့် သူတွေမရှိရင် မလုပ်ပေးနိုင်ဘူး''ဟုဦးစိုးဟိန်းက ပြောသည်။ 
-
SMEBi သည် ပြီးခဲ့သည့်နှစ်က ကျောက်ဖြူ၊ ပုဂံ၊ ညောင်ဦး၊ ကလေး စသည့် မြို့တို့ရှိ SME လုပ်ငန်းများကို ပံ့ပိုးပေးနိုင်ခဲ့ပြီး နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မော်လမြိုင်၊ စစ်ကိုင်းနှင့် ကလေးမြို့တို့၌ ရုံးခန်းများ ဖွင့်လှစ်ကာ သင်တန်းများ သင်ကြားပို့ချ ပေးလျက် ရှိကြောင်း သိရသည်။ 
-
ကျော်ကို
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...