Social Icons

Pages

Wednesday, February 6, 2019

ကေတုမတီမြို့၊ ကေတုမတီသီတဂူ ဗုဒ္ဓတက္ကသိုလ်မှ သံဃာတော်များအား စာရေးကိရိယာနှင့် နဝကမ္မ အလှူငွေများ ဆက်ကပ်လှူဒါန်း၊ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

ကေတုမတီမြို့၊   ကေတုမတီသီတဂူ ဗုဒ္ဓတက္ကသိုလ်မှ  သံဃာတော်များအား  စာရေးကိရိယာနှင့် နဝကမ္မ အလှူငွေများ ဆက်ကပ်လှူဒါန်း၊ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်
-
နေပြည်တော်  ဖေဖော်ဝါရီ  ၅ 
-
ပဲခူးတိုင်းဒေသကြီး၊  တောင်ငူမြို့နယ်၊ ကေတုမတီမြို့ရှိ ကေတုမတီသီတဂူ ဗုဒ္ဓတက္ကသိုလ်မှ စာသင်၊ စာချ သံဃာတော်များအား စာရေးကိရိယာနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင်အဆိုပါ သီတဂူ ဗုဒ္ဓတက္ကသိုလ်၌ ပြုလုပ်ရာကေတုမတီ သီတဂူဗုဒ္ဓ တက္ကသိုလ်ကျောင်းဆရာတော် ဘဒ္ဒန္တတိက္ဓသာရ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် မျိုးဝင်းနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများတက်ရောက်ကြသည်။ 
-

-
ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြ သူများက စာသင်၊ စာချ သံဃာတော်များအား အရုဏ်ဆွမ်း လောင်းလှူကြသည်။ထို့နောက် တိုင်းမှူးနှင့်တက်ရောက်လာကြသူများကသီတဂူဗုဒ္ဓတက္ကသိုလ်ကျောင်းဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး စာရေးကိရိယာနှင့် နဝကမ္မ အလှူငွေများ ဆက်ကပ် လှူဒါန်းသည်။ ထို့ပြင် အဆိုပါသီတဂူ ဗုဒ္ဓတက္ကသိုလ်မှ စာသင်၊စာချ သံဃာတော် ၈ဝ ပါးအားတိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေး အဖွဲ့က သွေးတိုးရောဂါ၊ မျက်စိရောဂါ၊ သွားနှင့် ခံတွင်းရောဂါ၊ အရေပြားရောဂါ၊ နှလုံးရောဂါ၊ အရိုး/ အကြောရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခြင်း၊ECG စက်၊ Ultrasound  စက်များဖြင့်  ရောဂါရှာဖွေ စမ်းသပ်စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက် ကုသရန်လိုအပ်သော သံဃာတော်များအားတောင်ငူမြို့ရှိ တပ်မတော်ဆေးရုံသို့  တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ



No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...