Social Icons

Pages

Thursday, February 7, 2019

မြန်မာ- ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်နိုင်မည့် အခြေအနေများ ဆွေးနွေး

မြန်မာ- ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်နိုင်မည့် အခြေအနေများ ဆွေးနွေး
-
နေပြည်တော်  ဖေဖော်ဝါရီ  ၆
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ် အေးသည် မြန်မာ နိုင်ငံဆိုင်ရာ  ဂျပန်နိုင်ငံသံအမတ်ကြီး H.E. Mr. Ichiro MARUYAMA နှင့်ယမန်နေ့ မွန်းလွဲပိုင်းက  အဆိုပါ ဝန်ကြီးရုံး  မေခလာ ခန်းမ၌ တွေ့ဆုံသည်။
-
တွေ့ဆုံစဉ် ရခိုင်ပြည်နယ်ရှိ နေရပ် စွန့်ခွာသူများ ပြန်လည် လက်ခံရေးနှင့် စပ်လျဉ်း၍ ဂျပန်နိုင်ငံက ကူညီ ဆောင် ရွက် ပေးနေမှုများ၊ စီမံချက်များနှင့်  ရှေ့ဆက် ဆောင်ရွက်မည့် အခြေအနေများ၊ ပြန်လည်လက်ခံရေး အစီအမံများနှင့် ပတ်သက်၍  မြန်မာနိုင်ငံက  ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်ခြမ်းရှိ  နေရပ်စွန့်ခွာသူများသိရှိနိုင်ရေး အတွက်  အဓိက သတင်းအချက်အလက်များပါဝင်သည့် Factsheet  စီစဉ် ဆောင်ရွက်နေမှုနှင့် အဆိုပါ Fact sheet အား နေရပ်စွန့်ခွာသူများသို့ ဖြန့်ဝေနိုင်ရန် မြန်မာ- ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ လက်ရှိဆောင်ရွက်မှုများတွင် ဂျပန်နိုင်ငံမှ ပူးပေါင်းကူညီ ဆောင်ရွက်နိုင်မည့် အခြေအနေများကို ဆွေးနွေးကြကြောင်းသိရသည်။
-


#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...