Social Icons

Pages

Wednesday, February 13, 2019

(၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဝန်ကြီးဌာန ပေါင်းစုံ အားကစားပြိုင်ပွဲများ ဆက်လက် ကျင်းပ

(၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဝန်ကြီးဌာန ပေါင်းစုံ အားကစားပြိုင်ပွဲများ ဆက်လက် ကျင်းပ
-
နေပြည်တော် ဖေဖော်ဝါရီ  ၁၂ 
-
(၇၂)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် ဝန်ကြီးဌာန ပေါင်းစုံ အားကစားပြိုင်ပွဲ များကို ဖေဖော်ဝါရီ ၁ဝ ရက်မှ စတင်ကျင်းပခဲ့ရာယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစား လေ့ကျင့်ရေးကွင်း အမှတ် (၁/၂/၃)၌  ဆက်လက် ကျင်းပသည်။ ယနေ့ပြိုင်ပွဲများအဖြစ် ခေါင်းအုံးရိုက် (အမျိုးသား/ အမျိုးသမီး) ပြိုင်ပွဲ၊ ဂုန်နီအိတ်စွပ်(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ၊ မီတာ ၁ဝဝ၊  ၂ဝဝ၊ ၄ဝဝ(အမျိုးသား/အမျိုးသမီး)အပြေးပြိုင်ပွဲ၊ သုံးချောင်းထောက် (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ၊  ထုပ်ဆီးတိုး (အမျိုးသမီး)ပြိုင်ပွဲ၊  လွန်ဆွဲ(အမျိုးသား/အမျိုးသမီး)ဗိုလ်လုပွဲနှင့် တတိယနေရာလုပွဲတို့ ယှဉ်ပြိုင်ကစားကြသည်။
-
-
ထို့နောက် ဆုပေးပွဲအခမ်းအနားကိုကျင်းပရာ ထုပ်ဆီးတိုး (အမျိုးသမီး)ပြိုင်ပွဲတွင်ပထမ ရရှိသော ကျန်းမာရေးနှင့် အားကစား ဝန်ကြီး ဌာနအသင်း၊ လွန်ဆွဲ(အမျိုးသား)ပြိုင်ပွဲတွင် ပထမရရှိသော ပြည်ထောင်စုရာထူးဝန်အသင်း၊ လွန်ဆွဲ (အမျိုးသမီး) ပြိုင်ပွဲတွင်ပထမရရှိသော ပြည်ထောင်စုရာထူးဝန်အသင်းနှင့် မီတာ ၁ဝဝ၊ ၂ဝဝ၊ ၄ဝဝ (အမျိုးသား/ အမျိုး သမီး) အပြေးပြိုင်ပွဲ  ဂုန်နီအိတ်စွပ် (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ၊ ခေါင်းအုံးရိုက်(အမျိုးသား/ အမျိုးသမီး)ပြိုင်ပွဲနှင့်  သုံးချောင်းထောက်  (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲတို့မှ ဆုရရှိ ကြသူများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးနှင့်ဝန်ကြီးဌာန အလိုက် တာဝန်ရှိသူများက ဆုများ အသီးသီး ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။ 
-
ကျော်လွင်
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...