Social Icons

Pages

Wednesday, February 13, 2019

(၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ငြိမ်းချမ်းရေး အပြေးပြိုင်ပွဲ ကျင်းပ


(၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ငြိမ်းချမ်းရေး အပြေးပြိုင်ပွဲ ကျင်းပ
-
ရန်ကုန်  ဖေဖော်ဝါရီ  ၁၂ 
-
၂ဝ၁၉ ခုနှစ် (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ငြိမ်းချမ်းရေး အပြေးပြိုင်ပွဲနှင့်  ဆုပေးပွဲ အခမ်းအနားကို  ယနေ့ နံနက် ၆  နာရီတွင် ရန်ကုန်တိုင်းဒေသကြီး  တာမွေမြို့နယ် အားကစားနှင့်ကာယပညာသိပ္ပံ ကျိုက္ကဆံကွင်း၌ ကျင်းပရာ ရန်ကုန်တိုင်း ဒေသကြီးရှိ အခြေခံပညာကျောင်းပေါင်းစုံမှ အသက် ၁ဝ နှစ်မှ ၁၅ နှစ်အထိ ကလေးငယ် ၂ဝဝဝ ဦးဝင်ရောက် ယှဉ်ပြိုင်ကြောင်း သိရသည်။
-
အဆိုပါပြိုင်ပွဲကို အမျိုးသား/အမျိုးသမီးနှစ်ဖွဲ့ခွဲ၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန တတိယ အမြဲတမ်းအတွင်းဝန် ဦးသီဟဇော်၊ အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်) ကျောင်းအုပ်ကြီးညွှန်ကြားရေးမှူး ဦးစိုးအောင်၊ ရန်ကုန်တိုင်း ဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနညွှန်ကြားရေးမှူး ဦးအောင်မိုး၊ မြန်မာနိုင်ငံ ပြေးခုန်ပစ်အဖွဲ့ချုပ် အတွင်းရေးမှူး ဦးကျော်ထူးအောင် တို့က တာလွှတ် ပေးကြရာ အရှေ့မြင်းပြိုင်ကွင်းလမ်းမှ မြောက်မြင်းပြိုင်ကွင်းလမ်း၊ ဆရာစံလမ်း၊ စက်မှု(၁)လမ်း၊ ကမ္ဘာအေး ဘုရားလမ်း၊ တက္ကသိုလ်ရိပ်သာလမ်းသစ်မှ ဆရာစံလမ်းသို့ မြောက်မြင်းပြိုင်ကွင်းလမ်း မှတစ်ဆင့်အရှေ့မြင်းပြိုင် ကွင်းလမ်း ကျိုက္ကဆံကွင်းသို့ ပန်းဝင်သည်။ 
-
ပြိုင်ပွဲအပြီး  ဆုပေးပွဲကို ကျင်းပရာ အမျိုးသား ပထမ၊ ဒုတိယနှင့်  တတိယဆု ရရှိသူများကို လည်းကောင်း၊ အမျိုးသမီး ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိသူများကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင်လူမှုရေး ဝန်ကြီးနှင့် တာဝန်ရှိသူ တို့က ဆုများ အသီးသီး ပေးအပ်ကြောင်း သိရသည်။     
-
ကျော်လွင်
-



#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...